ဓာတ်ပုံ- ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

ခိုင်လေး၊ မတ်လ ၂၄ ရက်၊ ရေဦး

စစ်ကိုင်းတိုင်း ရေဦးမြို့ ရွှေပြည်သာရပ်ကွက် ဓမ္မာရုံရှေ့ လမ်းသွားလမ်းလာ ဒေသခံတွေကို စစ်ဆေးရေး ပြုလုပ်နေတဲ့ စစ်ကောင်စီ တပ်သားကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

မနေ့ မတ်လ ၂၃ ရက် နေ့လယ် ၁ နာရီက ဓမ္မာရုံရှေ့မှာ အင်အား ၂၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီ တပ်သားကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြောက်ပိုင်း(ပကဖ)က ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ် (ပကဖ)တာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။

“ဗုံးသီး သုံးလုံး၊ Drone က သုံးစီးပါဗျ။ စခ (စစ်ခွေး) ၃ ကောင် သေပြီး ၂ ကောင် ဒဏ်ရာ ရပါတယ်ဗျ။ တခါတလေ လာစစ်တာပဲ ရှိတာဗျ။ စခတွေက စစ်ဆေးရေး လုပ်နေတယ်လို့ သတင်းပေးလို့ ကျ‌နော်တို့က တိုက်ခိုက်တာပါဗျ”

စစ်တပ် အထိုင်ချထားတာမျိုး မဟုတ်ဘဲ ခဏသာ လာရောက် စစ်ဆေးတာဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုမှာ တော်လှန်ရေး ရဲဘော်ဘက်က အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ရေဦးမြို့ ရွှေကျီးမင်းဂိတ် မြောက်ဘက်ဂိတ်ရှိ စစ်တပ် အထိုင်စခန်းကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၈၁ မမ လက်လုပ်မိုင်း ၅၃ လုံး ပစ်ခတ်တိုက်ခဲ့ပြီး RPG ငါးကြင်းမှီး လက်နက်ငယ်နဲ့ အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်တပ်ဘက်က ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။