ဓာတ်ပုံ- Local

မြတ်နိုး၊ မတ်လ ၂၄ ရက်၊ ကောင်းခါး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကောင်းခါးရွာမှာ ဒေသခံတွေရဲ့ မြေယာနဲ့ သာသနာပိုင်မြေကို ကချင်တပ်မတော်- KIO/KIA ရဲ့ အာဏာပိုင်တချို့က မတ်လအတွင်း အကွက်ရိုက် ရောင်းချနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။

“ဗုဒ္ဓဘာသာပိုင်မြေက ဘယ်လောက်ထိလဲဆိုတာတော့ မသိဘူး။ ဒါပေမဲ့ အခု သူတို့က မြေကွက် ရိုက်ထားတာတော့ ရိုက်ထားကြတယ်။ ဗုဒ္ဓဘာသာပိုင်ဝန်း ဟုတ်လား မဟုတ်ဘူးလားဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ဗုဒ္ဓဘာသာရဲ့ စေတီကုန်းက အဲဒီအပေါ်ဘက်မှာ ဟုတ်တယ်” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အကွက်ရိုက်ထားတဲ့နေရာရဲ့ အပေါ်ပိုင်းမှာ စေတီရှိပြီး အခု အကွက်ရိုက်ထားတဲ့နေရာက လွယ်ခန်ရွာဘက်သွားတဲ့လမ်းဘေး ဖြစ်တယ်လို့ သူက ပြောပါတယ်။

“အဲဒီဘက်မှာ ရှေးယခင်ကတည်းက မြေလွတ်ပဲ။ အခုကျတော့ မြေကွက် ရိုက်ထားကြတယ်” လို့ သူက ရှင်းပြပါတယ်။

အကွက်ရိုက် ခွဲဝေယူကြတာက လမ်းဘေးက ပေ ၁ဝဝ ခန့်ဖြစ်ပြီး စေတီတည်တဲ့ဘက်ပိုင်းက မြေနေရာတော့ မဟုတ်ဘူးလို့ ‌ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“အရင်တုန်းက ခင်ညွန့်ရဲ့ လက်ထက်တုန်းက သာသနာပိုင်မြေကို အဲဒီနေရာဘက်ပါ သတ်မှတ်လိုက်တာလားတော့ မသိဘူး။ ရွာက လူတချို့က အဲဒီနေရာဘက် မပါဘူးလို့ ပြောတော့ လမ်းဘေးက ပေ တစ်ရာလောက် အကွက် ရိုက်ထားတယ်လို့ ပြောတယ်။ အသံအမျိုးမျိုး ထွက်နေတော့ အတိအကျ မသိဘူး”

ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်နဲ့ မဟာဓမ္မရံသီစေတီတော် သာသနာပိုင်မြေလည်း သိမ်းခံရကာ ၂၀၂၄ စက်တင်ဘာလထဲ ဘတ်ဖိုးကားနဲ့ အကွက်စဖော်ပြီး ရောင်းချနေကြပြီးတော့ လျော်ကြေး ပေးတာမျိုးလည်း မရှိကြောင်း သတင်း ထွက်ပေါ်နေတာပါ။

သိမ်းခံရတဲ့ သာသနာပိုင်နယ်မြေဟာ တစ်ဧကကျော်ရှိပြီး KIA အရာရှိတွေက အကွက်ဖော်ကာ ကိုယ်ပိုင် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ဆောင်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

“အရာရှိဆိုတဲ့ လူတွေက အခြေခံ လူတန်းစား ဒေသခံတွေရဲ့ လယ်ယာမြေတွေကို ညှိနှိုင်း ဆွေးနွေးတာမရှိပဲနဲ့ မြေကော်စက်နဲ့ ကော်လိုက်တယ်။ ရန်သူကို အိတ်ကပ်ထဲ မထည့်ချင်နဲ့” ဆိုပြီး ဒေသခံ အမျိုးသမီးတစ်ဦး ပြောထားတဲ့ အသံဖိုင်လည်း လူမှုကွန်ယက်မှာ ပျံ့နံ့နေတာကို တွေ့ရပါတယ်။

“မြေနဲ့ ပတ်သက်ပြီး တစ်ယောက်စ နှစ်ယောက်စက သဘောမတူလို့ ပြောနေကြတာပါ။ ရွာခံတွေနဲ့ ဆွေးနွေးပြီး လုပ်တာပါ။ ဒေသခံအများစု သဘောတူညီထားလို့ ဆောင်ရွက်တဲ့ လုပ်ငန်းပါ” လို့ KIA ဘက်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျေးရွာဖွံ့ဖြိုးရေးခေါင်းစဉ်နဲ့ မြေတွေသိမ်းတဲ့အထဲမှာ ဘိုးဘွားပိုင် လယ်မြေ၊ ခြံမြေလည်း ပါဝင်နေပြီး လက်ရှိ စိုက်ပျိုးထားတဲ့ မြေတွေပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။