ဓာတ်ပုံ – ဒေသခံ

လွေးလာဝ်ဇာရ်၊ မတ်လ ၂၃ ရက်၊ ကွတ်ခိုင်

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် (၂) မှာ လေပြင်းတိုက်ခတ်ရာကနေ သစ်ပင်လဲကျမှုကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မတ်လ ၂၃ ရက် နေလယ် ၂ နာရီကျော်မှာ လေပြင်းတိုက်ခတ်တာကြောင့် ဆောက်လက်စ နေအိမ်တစ်လုံးနဲ့ ဘေးကပ်အိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်တာတော့ မရှိဘူးလို့ ဆိုပါတယ်။

ကွတ်ခိုင် ဒေသခံတစ်ဦးက “မိုးတော့ သိပ်မရွာပေမယ့် မိုးသီးကျတယ်။ လေတိုက်တာတော့ တအားဘဲ။ ယူကလစ်ပင် အကြီးကြီးတွေ အိမ်ပေါ် လဲကျတာ။ သူတို့လည်း အိမ်ထဲမှာဘဲနေတာ။ သူတို့ကို ထိခိုက်တာတော့ မရှိဘူး” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက်မှာလည်း ကွတ်ခိုင်မြို့နယ် ကောင်းလိမ်ကျေးရွာအုပ်စု ကျောင်းပျဉ်ရွာမှာ လေပြင်းတိုက်ခတ်လို့ စာသင်ကျောင်းအပါအဝင် ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၁၁ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။