ဓာတ်ပုံ – Local

ပို့လဘား၊ မတ်လ ၂၂ ရက်၊ ဖယ်ခုံ

ရှမ်းတောင် ဖယ်ခုံမြို့နယ်မှာ လက်လုပ်မိုင်း ဆော့ကစားရာကနေ တစ်ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖယ်ခုံမြို့နယ် ကယောကျေးရွာအုပ်စု ဘီသူထက်ရွာမှာ ဒီနေ့ မတ်လ ၂၂ ရက် မနက် ၇ နာရီမှာ ဖြစ်စဉ်ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။

“သူ့သားတစ်ယောက်က ကောက်ယူလာတာ။ ရွာပြင်ကနေ ယူလာတာ။ ရွာနဲ့ ၃ မိုင် ဝေးတယ်။ သူ့အဖေက မိုင်းဖြစ်မှန်း မသိဘဲ ကွမ်းအစ်နဲ့ ပြန်လုပ်မယ်ဆိုပြီး ယူပြန်လိုက်တာ။ အဲမှာပဲ ပေါက်ကွဲပြီး အဖေဖြစ်သူက ပွဲချင်းပြီးသေဆုံးခဲ့တယ်။ သူ့သားနဲ့ သမီးတစ်ယောက်ကတော့ ဒဏ်ရာရတယ်”

အသက် ၃၅ နှစ်အရွယ်ရှိတဲ့ ဦးအေဖရယ်(ခ) ဆိုးဒဲဆိုသူက သေဆုံးခဲ့တာဖြစ်ပြီး အသက် ၁၂ နဲ့ ၁၀ နှစ်အရွယ်ရှိတဲ့ သားနဲ့ အသက် ၅ နှစ်အရွယ်ရှိတဲ့ သမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဖရူဆိုအနောက်ဘက်ခြမ်း ဆေးရုံမှာ ကုသပေးနေတာဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ အသုဘနဲ့ ကလေးတွေရဲ့ ဆေးကုသစရိတ်အတွက် အကူအညီလိုအပ်‌နေတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။