ဓာတ်ပုံ- Local

ပို့လဘား၊ မတ်လ ၂၂ ရက်၊ ၁၀၅ မိုင်

ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်မှာ အမျိုးသား ၂ ဦးက အမျိုးသမီးတစ်ဦးကို ဓားနဲ့ခုတ်လို့ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

မတ်လ ၂၀ ရက် ည ၉ နာရီက အမျိုးသားနှစ်ဦးက အသက် ၂၇ နှစ်အရွယ် မအီမွန်ဆိုတဲ့ အမျိုးသမီးကို ဓားနဲ့ ခုတ်ခဲ့တာလို့ ပြောပါတယ်။

“နှစ်ယောက် လာတာ‌ပေါ့ မတ်စ်လည်း တပ်ထားတယ်။ တစ်ယောက်က လမ်းဘေးမှာ ဆိုင်ကယ်ပေါ် စောင့်နေတာ။ အဲဒီအမျိုးသမီးက အိမ်သာ သွားမယ်ဆိုပြီး တံခါးဖွင့်တဲ့အချိန်မှာ သူအဲဒီအမျိုးသမီးရဲ့ ဆံပင်ကို ဆွဲပြီး လည်ပင်းကို ညစ်လိုက်တယ်။ လည်ပင်းမှာ ဓားရှတဲ့ဒဏ်ရာ ရတယ်။ သူ့ရဲ့ ဘယ်ဘက်လက်မောင်းမှာလည်း ဓားနဲ့ထိုးတဲ့ဒဏ်ရာ ရတယ်”

ဆက်လက်ပြီး ၎င်းက “အမျိုးသမီးက ဘေးအိမ်တွေ ခေါ်နေတဲ့အချိန် အကူအညီ တောင်းတဲ့အချိန်မှပဲ သူထွက်ပြေးသွားတယ်။ အုတ်တံတိုင်းပေါ်ကျော်တက်ပြီး ထွက်ပြေးသွားတယ်။ ရှေ့ရက်က သူအဲဒီအမျိုးသမီးဆီ လာသေးတယ်။ အာကာ သက်သာပီလားဆိုပြီး လာမေးသေးတယ်တဲ့။ အမျိုးသမီးက ဘယ်သူလဲမေးတော့ အာကာရဲ့သူငယ်ချင်းဆိုပြီး ပြောသွားတယ်” လို့ ပြောပါတယ်။

ဓားထိုးသွားတဲ့ အမျိုးသားနှစ်ဦးထဲမှ တစ်ဦးက ပကဖရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ပြီး တစ်ဦးကတော့ ပြည်သူ့စစ် ဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒီအမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်က ၁၀၅ မိုင်မှာရှိတဲ့ လျှပ်စစ်ရုံးအတွင်း တအာင်းတပ်ရဲ့ လမ်းညွှန်မှုနဲ့ လှုပ်ရှားနေတဲ့ Local PDF တစ်ဦးကို ဓားထိုးခဲ့သူနှစ်ဦး ဖြစ်တယ်လို့ ပြောပါတယ်။

ထွက်ပြေးသွားတဲ့ ပကဖ အဖွဲ့ဝင်ဟောင်းနဲ့ ပြည်သူ့စစ် နှစ်ဦးကိုတော့ TNLA ရဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူက ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်ကတည်းက လိုက်လံ ရှာဖွေနေပေမဲ့ လက်ရှိအချိန်ထိ ဖမ်းမိတာ မရှိသေးဘူးလို့ သိရ​ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။