ယာရူစိင်၊ မတ်လ ၂၂ ရက်

တအာင်းပညာရေးအင်စတီကျူ့ TEI မှ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် ဆရာ၊ ဆရာမ ၆၅ ဦး ခေါ်ယူနေတယ်လို့ သိရပါတယ်။

စာသင်ကျောင်းတွေ လိုအပ်တဲ့ ကျေးရွာ (၁၂၀) မှာ ‌ကျောင်းပေါင်း (၁၂၀) ဖွင့်လှစ်သွားမှာဖြစ်ပြီး အဲကျောင်းတွေမှာ တာဝန်ထမ်းဆောင်ရန်အတွက် ဆရာ၊ ဆရာမ ၆၅ ဦး လိုအပ်နေတယ်လို့ TEI မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စာသင်ကျောင်း ထပ်မံဖွင့်လှစ်မယ့်နေရာဟာ တအာင်းဒေသဖြစ်တာကြောင့် အဲဒေသက ကလေးငယ်တွေအတွက် ဘာသာစကား အဆင်ပြေစေရေးအတွက် တအာင်းလူမျိုးဖြစ်တဲ့ ဆရာ၊ ဆရာမတွေကို ဦးစားပေး ခေါ်ယူမှာဖြစ်တယ်လို့ ပြောပါတယ်။

“ကျောင်းပေါင်း ၁၂၀ ဖွင့်မယ်ဆိုတာက အရင်နှစ်‌တွေမှာ ၁၂၃ ကျောင်းရှိပေမယ့် TLEC ထံ ၁၄ ကျောင်း လွှဲပေးထားတာမျိုးရှိတယ်။ ၁၀၉ ကျောင်း ကျန်တယ်ပေါ့နော်။ ဒါကြောင့် ဒီနှစ်မှာ နောက်ထပ် ၁၁ ကျောင်း ထပ်ဖွင့်လိုက်တယ်။ ကျောင်းပေါင်း ၁၂၀ ဖြစ်သွားတယ်ပေါ့နော်။ မိုင်းယော်၊ တန့်ယန်းနဲ့ မုံးစီး ဒေသရှိ ကျေးရွာတွေမှာဘဲ ဖွင့်တာမဟုတ်ဘဲ တခြားဒေသတွေမှာလဲ ဖွင့်ပါတယ်။ သို့သော် အဓိက စာသင်ကျောင်း လိုအပ်တဲ့ ဒေသတွေဖြစ်တဲ့အတွက် လျှောက်လွှာခေါ်ယူရခြင်း ဖြစ်တယ်”

ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ဆရာ၊ ဆရာမ ၂၄၄ ဦးရှိပြီး ‌လက်ရှိ ကျောင်း ၁၁ ကျောင်း ထပ်ဖွင့်တာကြောင့် နောက်ထပ် ဆရာ၊ ဆရာမ ၆၅ ဦး ခေါ်ယူရခြင်းဖြစ်တယ်လို့ ပြောပါတယ်။

တအာင်းပညာရေးအင်စတီကျူ့ TEI ဟာပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။