မိုင်းရူပ၊ မတ်လ ၂၂ ရက်၊ သပိတ်ကျင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာကနေ တအာင်းတပ်မတော် TNLA တည်ရှိရာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တအာင်းတပ်ရဲ့ တပ်စခန်းတချို့ ပြန်လည်လက်လွတ်ခဲ့ရတာရှိတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တွင်းငယ်ကနေ TNLA ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ် ရေညာဦးကျေးရွာဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရေညာဦးရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က မတ်လ ၂၀ ရက်မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီက ထိုးစစ်ပြန်လုပ်တာ။ ရေညာဦးရွာနားအထိ စစ်ကောင်စီတွေ ရောက်လာပြီ။ ရေညာဦးအနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်” လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

တွင်းငယ်ကျေးရွာဟာ TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကြားမှာ တည်ရှိတာ ဖြစ်ပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ် ချယ်နယ်တွေမှာတော့ တွင်းငယ်-မိုးမိတ်သွားတဲ့ လမ်းပိုင်းနဲ့ ရေညာဦးရွာ ဘုရားကုန်းရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်ဘက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ မနေ့မှာ ရေးသားဖော်ပြနေကြပါတယ်။

တွင်းငယ်ရွာကို ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ်လကတည်းက TNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး ၄ လနီးပါးအကြာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်မှာ ပြန်လည်လက်လွတ်ခဲ့ရတာ ဖြစ်ပါတယ်။

တွင်းငယ်ကျေးရွာကနေ ကချင်ပြည်နယ်ဘက်ကို သွားနိုင်သလို မန္တလေးဘက်လည်း သွားနိုင်တာကြောင့် တွင်းငယ်ရွာဟာ စစ်ရေးအရ အရေးပါတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် တွင်းငယ်ရွာကို စစ်ကောင်စီတပ်က ပြန်ရဖို့ ကြိုးစားနေတာလို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ဆိုပါတယ်။

တွင်းငယ်တိုက်ပွဲမှာ TNLA နဲ့အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA လည်း ပါဝင်တိုက်ခိုက်နေပါတယ်။

သပိတ်ကျင်းမြို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ် ၃၀ ရက်မှာ တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ ၇ မိုင်တပ်စခန်း၊ ကျောက်ကြီးတပ်စခန်းနဲ့ တန်းမြင့်လေ့ကျင်းရေးကျောင်းအမှတ် (၁၃) တပ်တို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။