ဓာတ်ပုံ – WSTV

ခိုင်လေး၊ မတ်လ ၂၁ ရက်၊ ပန်ဆန်း

“ဝ” ဒေသမှာ ငွေလိမ်လုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား (၁၈) ဦးနဲ့ ကျားဖြန့်ရုံးက အသုံးပြုတဲ့ စက်ပစ္စည်းကိရိယာတွေကို “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA က တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား (၁၈) ဦးကို “ဝ” ရဲ့ ရဲတပ်ဖွဲ့က ပန်ဆန်းမြို့ မုန်းလျန်း၊ မုန်းအား တံတားက‌နေတဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

“လွှဲပြောင်း ပေးခဲ့တာ‌တော့ မှန်တယ်။ အသေးစိတ် အချက်အလက်ကိုတော့ မသိရပါဘူး” လို့ UWSA ရဲ့ ပြည်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ရွှေဖီမြေကို ပြောပါတယ်။

တရုတ်နိုင်ငံဘက်သို့ လွဲပြောင်းပေးလိုက်တဲ့ ကျားဖြန့်လုပ်သားတွေကို “ဝ” ဒေသအတွင်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ ကျားဖြန့်ခေါင်းဆောင်တချို့လည်း ပါဝင်တယ်လို့ အခြေအနေသိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“လွဲပြောင်းပေးလိုက်တာတော့ ဟုတ်တယ်။ Wa State TV မှာတော့ ၁၃ ရက်နေ့မှာ သတင်း ထုတ်လွင့်ထားတာ တွေ့တယ်။ အဲထဲမှာ ဘယ်မှာဖမ်းမိတာလဲဆိုတာတော့ အသေးစိတ် မဖော်ပြထားဘူး။ ဟိုပန်မှာ ဖမ်းမိတာတော့ သိထားတယ်။ နောက်ထပ် ဘယ်ဒေသတွေမှာ ပြန်ဖမ်းမိတာတော့ မသိဘူး”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်က ဟိုပန်မြို့ မိန်းပန်း(ရှမ်း)ရပ်ကွက်ထဲက ကျားဖြန့်လုပ်ငန်းတစ်ခုကို UWSA တပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန့်လုပ်ကိုင်သူ ၁၀၅ ဦးနဲ့ ကျားဖြန့်ရုံးအတွင်း အသုံးပြုတဲ့ ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲမှာလည်း ရှမ်းမြောက် တန့်ယန်းမြို့နယ်ရှိ ကျားဖြန့်လုပ်ကိုင်သူ ၁ ထောင်ကျော်ကို UWSA က ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။