ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၂)

ခိုင်လေး၊ မတ်လ ၂၁ ရက်၊ မင်းလှ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ အုတ်တွင်းရွာအနီး ရန်ကုန်-ပြည် ကားလမ်းဘေးမှာ အထိုင်ချ တပ်ဆွဲထားတဲ့ စစ်ကောင်စီဂိတ်ကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၂) က ရဲဘော်တွေ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၈ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒေသခံတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ကို သာယာဝတီခရိုင် PDF ရဲဘော်‌တွေက မနေ့ မတ်လ ၂၀ ရက် မနက် ၁ နာရီခွဲမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ နာရီဝန်းကျင် ကြာမြင့်တဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၂) က တပ်ခွဲမူး ဗိုလ်တိမ်တိုက်က ရွှေဖီမြေကို ပြောပါတယ်။

“အဲမှာ စစ်တပ်က အင်အား ၂၀ ကျော် ၃၀ ဝန်းကျင် ရှိပါတယ်။ တိုက်ပွဲတွင်းမှာ ၇ ယောက်။ ဒီနေ့က အဝေးထိန်းမှိုင်းနဲ့က တစ်ယောက်သေပါတယ်။ ကျနော်တို့ဘက် ရဲဘော်တစ်ယောက် လက်မောင်းကျည်ရှပ်ထိ မစိုးရိမ်ရ ဒဏ်ရာရရှိ ခဲ့ပါတယ်”

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ အလောင်းကောက် ဆုတ်ခွာထွက်ပြေးသွားကြချိန် PDF ရဲဘော်တွေက ကာဘိုင်သေနတ် (၁) လက်၊ ကျည်ဘောက် (၁) ခု၊ ကျည် (၂၀) တောင့်၊ စစ်အသုံးအဆောင်တချို့နဲ့ ဆိုင်ကယ် (၁) စီး သိမ်းဆည်းရရှိခဲ့ပြီး စခန်းကိုလည်း မီးရှို့ထားခဲ့ပေမဲ့ မီးအနည်းငယ်သာ လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

မီးအနည်းငယ်သာ လောင်ကျွမ်းသွားတဲ့ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ရဲ့ ဘန်ကာမှာ ပြန်လည် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် PDF ရဲဘော်တွေက ဒီနေ့ မနက် ၁၀ နာရီမှာ အဝေးထိန်းဗုံးနဲ့ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ၁ ဦး သေဆုံးပြီး ၄ ဦး ထပ်မံ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ ၎င်းရဲ့ထောက် တိုင်တွေကို အရှိန်မြင့် တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ စစ်တပ်တို့အနီး သွားလာနေထိုင်တာတွေ လုံးဝမပြုလုပ်ကြဖို့ သာယာဝတီခရိုင် PDF တွေ အသိပေးထားတာရှိပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။