ပုံစာ- ပျောက်ဆုံးနေသူ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းရွာခံ မဝင်းကြည်

ရွှေဖီမြေ၊ မတ်လ ၂၁ ရက်၊ နမ့်ဆန်

ကိုးကန့်ဒေသ လောက်ကိုင်ဘက် အလုပ် သွားလုပ်တဲ့ တအာင်းဒေသ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းရွာက အသက် ၃၀ ကျော်အရွယ် မဝင်းကြည်ဆိုသူ အမျိုးသမီးဟာ ၁ နှစ်ကျော် ကြာတဲ့အထိ အဆက်အသွယ် ပြတ်တောက်နေပါတယ်။

ကိုးကန့်တပ်မတော်က လောက်ကိုင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတုန်းက လောက်ကိုင်ကနေ ဝဒေသဘက် တိမ်းရှောင်သွားခဲ့ပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားတာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“ဝဘက် ရောက်သွားတော့ သူ့အမေဆီ သူအသံဖိုင်တစ်ခု ပို့လာတယ်။ သူဝပြည်ဘက် ရောက်သွားတယ်ပေါ့။ အဲနောက်ပိုင်း မဆက်သွယ်လာဘူး။ သူ့မိဘက ပြန်ဆက်သွယ်တော့လည်း မရဘူး”

ဝပြည်ဘက် ရောက်ရှိသွားတယ်လို့သာ ပြောဆိုခဲ့ပြီး ဘယ်မြို့ကို ရောက်နေလဲဆိုတာတော့ မပြောဆိုခဲ့ဘူးလို့ ဆိုပါတယ်။

ပျောက်ဆုံးနေသူ မဝင်းကြည်ဟာ ကလေး ၂ ဦး မိခင်ဖြစ်ပြီး ယောကျာ်းဖြစ်သူကလည်း ၂၀၂၄ ခုနှစ်မှာ ကွယ်လွန်သွားတာကြောင့် ကလေးနှစ်ဦးကတော့ ဇယ်တုန်ဟုန်းရွာက သူမရဲ့ မိခင်ဖြစ်သူနဲ့ ကျန်ရစ်ခဲ့တယ်လို့ ၎င်းအမျိုးသမီးက ဆက်ပြောပါတယ်။

သူမရဲ့ မိခင်ကလည်း နှလုံးရောဂါ ရှိနေသူဖြစ်ပြီး လက်ရှိမှာ ကလေး ၂ ယောက်ကို တာဝန်ယူ စောင့်ရှောက်နေရတာကြောင့် မဝင်းကြည်ကို တွေ့ရှိသူတွေအနေနဲ့ ဆက်သွယ်ပေးကြဖို့ အကူအညီ တောင်းခံထားပါတယ်။

၂ဝ၂၃ နှစ်ကုန်ပိုင်းမှာ ကိုးကန့်တပ်က လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ လောက်ကိုင်ကနေ နေရပ်သို့ ပြန်လာကြတဲ့ လူငယ် ထောင်ချီကို အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခဲ့သလို ဒေသခံလူထု ရာချီကလည်း ပျောက်ဆုံးခဲ့ပြီး အဆက်အသွယ် မရကြောင်း မိသားစုဝင်တွေက ရွှေဖီမြေသို့ ပြောဆိုထားဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။