ပျားကြီး၊ မတ် ၂၁ ရက်၊ မန္တလေး

မန္တလေးမြို့ပေါ်မှာ ထောက်ပံ့ကြေးပေးမယ်ဆိုတဲ့ မက်လုံးနဲ့ အနယ်နယ်အရပ်ရပ်က ရောက်ရှိနေတဲ့ စစ်ဘေးရှောင် လူဦးရေစာရင်းကို စစ်ကောင်စီက ကောက်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကစပြီး မန္တလေးမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေနဲ့ ရပ်ကွက်တွေထဲမှာ နေထိုင်နေတဲ့ စစ်ဘေးရှောင်တွေရဲ့စာရင်းကို စစ်ကောင်စီလက်ဝေခံ သံဃာ့နာယကအဖွဲ့တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ကောက်ယူပြီး စစ်ကောင်စီကို ပေးပို့နေရတာဖြစ်ပါတယ်။

“ဘုန်းကြီးကျောင်းတွေမှာရှိတဲ့ လူဦးရေစာရင်း ပို့ပေးရတယ်။ ရပ်ကွက်တွေထဲမှာလည်း လိုက်ကောက်နေတယ်။ ထောက်ပံ့ကြေးပေးဖို့ဆိုပြီး ကောက်တော့ စာရင်းပေးကြတဲ့သူတွေလည်း တော်တော်များတယ်။ အဓိကကောက်တာက အသက်ပေါ့။ အသက်ကို ဖောင်ထဲမှာ မထည့်မနေရ ထည့်ပေးရတယ်” လို့ အောင်မြေသာစံမြို့နယ်က အသက် ၅၀ အရွယ် ဒေသခံတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းထဲက စစ်ကောင်စီရဲ့လက်ချက်နဲ့ ထွက်ပြေးတိမ်းရှောင်နေရသူတွေဟာ မန္တလေးမြို့ပေါ်မှာ သိန်းနဲ့ချီပြီး ရှိနေတယ်လို့ မန္တလေးမြို့အခြေစိုက် စစ်ရှောင်ကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန်မှာ စာရင်းကောက်ယူမှုကို မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ကောက်ယူဖို့ စစ်ကောင်စီက ညွှန်ကြားထားပြီး စာရင်းထိန်ချန်တာတွေ မလုပ်ဖို့ ပြင်းပြင်းထန်ထန်သတိပေးထားတယ်လို့ လုံခြုံရေးအရ ဘွဲ့အမည်ကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ထားတဲ့ စာချဆရာတော်တစ်ပါးက မိန့်ပါတယ်။

စာရင်းကောက်ယူရာမှာ အမည်၊ အဖအမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်၊ ကျား/မ၊ မွေးသက္ကရာဇ်၊ အသက်၊ လက်ရှိနေရပ်လိပ်စာ စတဲ့အချက်တွေကို ကောက်ယူနေတာဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းတွေကတော့ အားလုံးနီးပါး စာရင်းပေးပို့ထားပြီးဖြစ်တယ်လို့ ဆရာတော်က ဆက်မိန့်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။