ဓာတ်ပုံ – CJ

အိုက်ပွီး၊ မတ်လ ၂၁ရက်၊ ဖလမ်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သေဆုံးခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သေဆုံးသူဟာ ဖလမ်းအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ ၂၆၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်းဖြစ်ပြီး မတ်လ ၁၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့တာဖြစ်ပါတယ်။

“သေဆုံးတယ်ဆိုတာ စစ်သုံပန်းတွေဆီက အတည်ပြုလို့ရသလို့ တိုက်ပွဲအခြေအနေကို သုံးသပ်ရင်လည်း အတည်ပြုနိုင်ပါတယ်” လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးတဲ့ ဒုဗိုလ်မှူးကြီး ဝေလင်းထွန်းဟာ ဖလမ်းမြို့မှာ သိမ်းပိုက်ဖို့ တစ်ခုတည်းသော ကျန်ရှိနေတဲ့ ခလရ ၂၆၈ တပ်ရင်းမှူးဖြစ်သလို လက်နက်မချပဲ တိုက်ပွဲမှာ အဓိက အမိန့်ပေး ကွက်ကဲသူလည်း ဖြစ်ပါတယ်။

သူမသေဆုံးခင် စစ်ကူပေးပို့ဖို့ တောင်းခံတာကြောင့် မတ်လ ၁၆ ရက်နေ့မှာ ခလရ ၂၆၈ တပ်ရင်းကို ရဟတ်ယာဥ်နဲ့ အင်အား ၅၀ ကျော် ဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲက နေ့တိုင်းပြင်းထန်နေပါတယ်။ စကစဘက်က လေကြောင်း တိုက်ခိုက်မူတွေ ပိုလုပ်လာသလို တပ်အင်အားတွေလည်း ဖြည့်တင်းနေတယ်။ မတ်လ ၁၆ ရက်နေ့ဆို ခမရ ၃၉၁ တပ်ရင်းက တပ်ကူတွေ ရဟတ်ယာဥ်ရောက်လာတယ်။” လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခု မတ်လမှာ တကျော့ပြန်ဖြစ်ပွားတဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲဟာ အရင်ကထက် တိုက်ပွဲအရှိန် ပိုပြင်းထန်လာသလို စစ်ကောင်စီတပ်ဘက်လည်း ထိခိုက်သေဆုံးမူများတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့နေတာဖြစ်ပြီး အခုဆိုရင် ၅ လထဲ ရောက်နေပြီဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။