ဓာတ်ပုံ – CJ

အိုက်ပွီး၊ မတ်လ ၂၁ ရက်၊ ကျောက်တော်

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာမှာ စစ်ကျန် ဗုံးသီးပေါက်ကွဲလို့ ကလေးတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၁၉ ရက် ညနေ ၃ နာရီ ၄၅ မိနစ်အချိန်မှာ မင်းသားတောင်ကျေးရွာ၊ သရီချောင်းထဲက ကောက်ယူရရှိတဲ့ စစ်ကျန် ဗုံးသီးတစ်လုံးကို ဆော့ကစားရာမှ မတော်တဆ ပေါက်ကွဲမူဖြစ်ပွားပြီး ထိခိုက်သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

“ကလေးတွေဆိုပေမဲ့ ၁၀ နှစ်ကျော်တွေ ချည်းပဲလေ။ ချောင်းထဲက ကောက်ရတယ်ဆိုတော့ မပေါက်ကွဲတော့ဘူးအထင်နဲ့ ဆော့ကစားတာလည်း ဖြစ်နိုင်တယ်။ ဗုံးကောက်ရတဲ့ကလေးက ပွဲချင်းပြီး ဆုံးသွားတယ်။ ကျန်လေးဦး ဒဏ်ရာရတယ်။” လို့ ကျောက်တော်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် ၁၆ နှစ်အရွယ် မောင်မောင်ဌေးဦးဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ အသက် (၁၆) နှစ်အရွယ် မောင်ကျော်ဆန်းလင်း၊ အသက် (၁၅) နှစ်အရွယ် မောင်ခိုင်အောင်မျိုး၊ အသက် (၁၄) နှစ်အရွယ် မောင်နေပိုင်စိုးနဲ့ အသက် (၁၃) နှစ်အရွယ် မောင်မောင်သန်းနိုင်တို့ ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ ကလေး ၄ ဦးကလည်း ပြင်းထန်ဒဏ်ရာရရှိပြီး အသက်အန္တရယ် စိုးရိမ်နေရတာကြောင့် အရေးပေါ် ဆေးကုသမူ ခံယူနေကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ ၁၉ ရက်နဲ့ ၁၈ ရက်နေ့ကလည်း မင်းပြားမြို့နယ်နဲ့ မောင်တောမြို့နယ်မှာ မြေမြှုပ်မိုင်းနင်းလို့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လက်ရှိ AA ထိန်းချုပ်နယ်မြေတွေမှာ စစ်ကျန်လက်နက်အန္တရာယ် ပညာပေး ဟောပြောပွဲတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးစာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးတာတွေ၊ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။