ဓာတ်ပုံ – CJ

အိုက်ပွီး၊ မတ်လ ၂၁ ရက်၊ ကျောက်တော်

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာမှာ စစ်ကျန် ဗုံးသီးပေါက်ကွဲလို့ ကလေးတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၁၉ ရက် ညနေ ၃ နာရီ ၄၅ မိနစ်အချိန်မှာ မင်းသားတောင်ကျေးရွာ၊ သရီချောင်းထဲက ကောက်ယူရရှိတဲ့ စစ်ကျန် ဗုံးသီးတစ်လုံးကို ဆော့ကစားရာမှ မတော်တဆ ပေါက်ကွဲမူဖြစ်ပွားပြီး ထိခိုက်သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

“ကလေးတွေဆိုပေမဲ့ ၁၀ နှစ်ကျော်တွေ ချည်းပဲလေ။ ချောင်းထဲက ကောက်ရတယ်ဆိုတော့ မပေါက်ကွဲတော့ဘူးအထင်နဲ့ ဆော့ကစားတာလည်း ဖြစ်နိုင်တယ်။ ဗုံးကောက်ရတဲ့ကလေးက ပွဲချင်းပြီး ဆုံးသွားတယ်။ ကျန်လေးဦး ဒဏ်ရာရတယ်။” လို့ ကျောက်တော်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် ၁၆ နှစ်အရွယ် မောင်မောင်ဌေးဦးဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ အသက် (၁၆) နှစ်အရွယ် မောင်ကျော်ဆန်းလင်း၊ အသက် (၁၅) နှစ်အရွယ် မောင်ခိုင်အောင်မျိုး၊ အသက် (၁၄) နှစ်အရွယ် မောင်နေပိုင်စိုးနဲ့ အသက် (၁၃) နှစ်အရွယ် မောင်မောင်သန်းနိုင်တို့ ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ ကလေး ၄ ဦးကလည်း ပြင်းထန်ဒဏ်ရာရရှိပြီး အသက်အန္တရယ် စိုးရိမ်နေရတာကြောင့် အရေးပေါ် ဆေးကုသမူ ခံယူနေကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ ၁၉ ရက်နဲ့ ၁၈ ရက်နေ့ကလည်း မင်းပြားမြို့နယ်နဲ့ မောင်တောမြို့နယ်မှာ မြေမြှုပ်မိုင်းနင်းလို့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လက်ရှိ AA ထိန်းချုပ်နယ်မြေတွေမှာ စစ်ကျန်လက်နက်အန္တရာယ် ပညာပေး ဟောပြောပွဲတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးစာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးတာတွေ၊ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။