ဓာတ်ပုံ – CJ

အိုက်ပွီး၊ မတ်လ ၁၈ ရက်၊ တမူး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မင်းသာကျေးရွာနဲ့ လှည်းဆိပ်ကျေးရွာမှာ တောမီးကူးစက်လို့ လူနေအိမ် ၂၀ လုံးထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မတ်လ ၁၇ ရက် မနက် ၁၀ နာရီခန့်မှာ တောမီးလောင်ရာကနေ မီးကူးပြီး ကျေးရွာမှာ မီးငြိမ်မယ့်သူမရှိတာကြောင့် နေအိမ်တွေ မီးလောင်ခဲ့တာဖြစ်ပါတယ်။

“အဲရွာတွေမှာ လူတွေမရှိတာ ကြာပြီ။ အကုန်နီးပါး စစ်ဘေးရှောင်ကြတယ်။ ရွာထဲမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတယ်။ မီးငြိမ်းမယ့်သူတွေမရှိလို့ အခုလို နေအိမ်တွေ မီးလောင်ရတာ။ မနေ့ညနေ ၆ နာရီအချိန်ထိ မီးလောင်နေတုန်းပါ” လို့ တမူးမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့က တောမီးကူးစက်မှုကြောင့် လှည်းဆိပ်ကျေးရွာက ကျောင်းဆရာ၊ ဆရာမ နေအိမ် ၂ လုံးအပါအဝင် လူနေအိမ် ၁၀ လုံးနဲ့ မင်းသာကျေးရွာက လူနေအိမ် ၇ လုံး၊ စုစုပေါင်း ၂၀ လုံးထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဲဒီမီးဟာ မနေ့က ညနေ ၆ နာရီအချိန်ထိ ငြိမ်သက်ခြင်းမရှိဘဲ နေအိမ်တွေ လောင်ကျွမ်းနေဆဲဖြစ်တာကြောင့် အခုစာရင်းတွေထက် ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။

မင်းသာကျေးရွာအခြေစိုက် စစ်ကောင်စီတပ်က လှည်းဆိပ်ကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးကျည်တွေ ပစ်ခတ်ပြီးနောက် အခုလို တောမီးကူးစက်ပြီး နေအိမ်တွေ မီးလောင်ပျက်စီးရတာလို့ သိရပါတယ်။

“မနေ့က မနက်ပိုင်း လှည်းဆိပ်ရွာဘက်မှာ စကစ လက်နက်ကြီးကျည် နှစ်ကြိမ်ထုတယ်။ အဲဒီလက်နက်ကြီးကျည် ထုပြီးနောက် တောမီးတွေ လောင်တယ်။ နွေရာသီဆိုတော့ တောမီးလောင်တွေ လောင်ပြီး ရွာဘက်ထိ ကူးစက်သွားတယ်။ ပိုဆိုးတာက မီးငြိမ်းပေးမယ့်သူ မရှိဘူး” လို့ တမူးမြို့နယ် မင်းသာကျေးရွာမှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

တောမီးကူးစက်ခံရပြီး နေအိမ်မီးလောင်တဲ့ မင်းသာကျေးရွာဟာ စစ်ကောင်စီတပ်ရဲ့ မကြာခဏ မီးရှို့ခံရတဲ့ ကျေးရွာဖြစ်ပြီး ယခုနှစ်ထဲ သုံးကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခံရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။