ဓာတ်ပုံ – ဒေသခံ

လွေးလာဝ်ဇာရ်၊ မတ်လ ၁၇ ရက်၊ နမ့်ခမ်း

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်တပ်ကျေးရွာက အမျိုးသားတစ်ဦးဟာ ရွှေလီမြစ်ထဲမှာ လက်လုပ်မိုင်းနဲ့ ငါးဖမ်းဖို့လုပ်နေရာကနေ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

မနေ့ မတ်လ ၁၆ ရက် နေ့လယ် ၂ နာရီမှာ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့တာဖြစ်ပြီး အဲဒီပေါက်ကွဲမှုကြောင့်ပဲ ဦးမင်းဇော်(၃၀ နှစ်)ဆိုသူရဲ့ညာဘက်လက်တစ်ဖက်ပြတ်သွားတာအပြင် မျက်နှာနဲ့ ရင်ဘတ်မှာလည်း ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ မန်တပ်ရွာခံတစ်ဦးက ဆိုပါတယ်။

မန်တပ်ဒေသခံတစ်ဦးက “သူတို့က ငါးဖမ်းသွားတာ။ သူက မိုင်းနဲ့ ပစ်လိုက်တဲ့အချိန်မှာ မပေါက်တော့ သူလည်း မပေါက်တော့ဘူးထင်လို့ လက်နဲ့ သွားကိုင်တာ။ ကိုင်ပြီး ပစ်ဖို့လုပ်တဲ့အချိန်မှာဘဲ ပေါက်ကွဲတာ။ သူရဲ့ လက်တစ်ဖက်က ပြတ်သွားတာ။ မျက်နှာမှာလည်း ညိုမဲ‌ကုန်တာ” လို့ ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွါးပြီးနောက် ည ၁၀ နာရီအရောက်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ငါးဖမ်းတဲ့ လူတွေ သူအပါ စုစုပေါင်း ၆ ယောက်ပါတယ်။ ဖြစ်တဲ့နေရာနဲ့ ရွာက ဝေးတယ်ဆိုတော့ လမ်းတစ်ဝက်မှာ ‌သေသွားတာ။ အဲဒါနဲ့ ရွာထဲပေးမဝင်တော့ဘူး။ သူသေသွားတဲ့နေရာမှာဘဲ ဘုန်းကြီးတွေက တရားသွားဟောတာ”

ဦးမင်းဇော်နဲ့အတူ ငါးဖမ်းလိုက်သွားတဲ့ နောက်ထပ်အမျိုးသား ၅ ဦးကတော့ ဘာမှထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာလည်း ဟိုနောင်အုပ်စု ဟိုဆိုင်(နမ့်ဆိုင်)ကျေးရွာမှာ လက်လုပ်မိုင်း‌ ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။