ဓာတ်ပုံ – Thura Aung (ပုံဟောင်း)

ပို့လဘား၊ မတ်လ ၁၇ ရက်၊ နမ့်ခမ်း

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာအုပ်စုထဲမှာရှိတဲ့ ကျေးရွာတစ်ရွာက စိတ်ကျန်းမာရေးချို့ယွင်းတဲ့ အမျိုးသမီးတစ်ဦးကို မန်စပ်မှာ အလုပ်လာလုပ်တဲ့ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အသက် ၂၀ အရွယ်လောက်သာရှိသေးတဲ့ အဲဒီအမျိုးသမီးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်မှာ အဲဒီအမျိုးသားက လယ်ကွင်းတစ်ခုထဲ ခေါ်သွားပြီး အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့နှစ်ယောက် ခိုးပြေးကြတယ်လို့ ပြောတယ်။ ဒါပေမယ့် ကောင်မလေးက စိတ်ကျန်းမာရေး ချို့ယွင်းတဲ့သူလေ။ သူတို့နှစ်ယောက်ခိုးပြေးတာ မဖြစ်နိုင်ဘူး။ ကောင်မလေးမှာက အမေပဲ ရှိတော့တယ်။ သူ့အဖေက ပထွေးပေါ့နော်။ အဲဒီယောကျာ်းလေးက သူ့မိဘဆီ ပိုက်ဆံ ၂ သိန်း လာပေးသွားတာ။ သူတို့လာပေးတဲ့ ပိုက်ဆံကို သူ့အမေက လက်မခံဘူး။ ရွာကဥက္ကဌတွေဆီ သွားပြောခိုင်းလိုက်တယ်။ သူ့ပထွေးကတော့ အဲဒီပိုက်ဆံ ၂ သိန်းကို ယူလိုက်ပြီး အဲကိစ္စကို ကျေအေးလိုက်တယ်” လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောပါတယ်။

အဓမ္မပြုကျင့်ခဲ့တဲ့ အဲဒီအမျိုးသားဟာ မန်စပ်ကျေးရွာက ကျောက်တူးဖော်တဲ့ ကုမ္ပဏီတစ်ခုမှာ လာရောက်အလုပ် လုပ်ကိုင်သူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း အဲဒီအမျိုးသားက တစ်စုံတစ်ရာအရေးယူခံရတာမျိုး မရှိပဲ အဲကျောက်ကုမ္ပဏီမှာပဲ အလုပ်လုပ်ကိုင်နေပြီး လွတ်မြောက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၇ ရက်ကလည်း နမ့်ဆန်မြို့နယ်ထဲက ကျေးရွာတစ်ခုမှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တစ်ဦးကို ဦးလေးဖြစ်သူက အဓမ္မပြုကျင့်ခဲ့တဲ့စဉ်ဖြစ် ဖြစ်ပွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။