ဓာတ်ပုံ- စစ်ကောင်စီ

မိုင်းရူပ၊ မတ်လ ၁၄ ရက်၊ တန့်ယန်း

စစ်ကောင်စီနဲ့ “ဝ”တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ်မှာ ကျားဖြန်လုပ်ကိုင်သူ ၁၆၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက မနေ့ မတ်လ ၁၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်မှာ နားဟုတ်ကျေးရွာအုပ်စုအတွင်းရှိ ကျားဖြန်ရုံကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၁၆၅ ဦး၊ မြန်မာနိုင်ငံသား ၁ ဦးနဲ့ ကျားဖြန်ရုံအတွင်း အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲ Star Link ၂ စုံ၊ ဖုန်းမျိုးစုံ အလုံး ၃၀၊ ကွန်ပျူတာ ၅ လုံးနဲ့ ဆက်စပ်ပစ္စည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

တန့်ယန်းမှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ဗျူဟာမှူးတွေ အပြောင်းအလဲ လုပ်ပြီးနောက် အသစ် ရောက်လာတဲ့ စစ်ကောင်စီရဲ့ ဗျူဟာမှူးဟာ ကျားဖြန်ရုံတွေကို လိုက်လံ စီးနင်းတာတွေ ပြုလုပ်နေတာလို့ တန့်ယန်းဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကျားဖြန်က လုံးဝ ပပျောက်သွားတာတော့ မဟုတ်ဘူး။ အခုက လိုက်ဖမ်းနေတော့ နည်းနည်းငြိမ်နေတယ်။ အခု အသစ်ရောက်တဲ့ ဗျူဟာမှူးတွေက စဖမ်းနေပြီလို့ ပြောတာပဲ။ ဖမ်းတော့ ဖမ်းနေတာပဲ။ ဟန်ပြ ဖြစ်မလား။ အခုမှ အသစ်ရောက်လာတယ်ဆိုတော့ ပြောလို့ မရသေးဘူး”

ကျားဖြန်ရုံမှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေကို လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ သက်ဆိုင်ရာနိုင်ငံထံ လွှဲပြောင်းပေးသွားမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲမှာလည်း ရှမ်းမြောက် တန့်ယန်းမြို့နယ်ထဲ ကျားဖြန်လုပ်ကိုင်သူ ၁ ထောင်ကျော်ကို UWSA က ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်ထံ လွှဲပြောင်းပေးခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကနေ မနေ့ မတ်လ ၁၃ ရက်အထိ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေသူ ၆,၀၁၅ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိသူတွေထဲက ၃,၂၁၃ ဦးကို သက်ဆိုင်ရာ နိုင်ငံတွေထံ လွှဲပြောင်းပေးခဲ့ပြီလို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။