ဓာတ်ပုံ- PSLF/TNLA

ရွှေဖီမြေ၊ မတ်လ ၁၃ ရက်၊ နမ့်ခမ်း

၁၉၅၈ ခုနှစ်မှာ စတင်ခဲ့တဲ့ ရှမ်းပြည်တော်လှန်ရေးနဲ့ ၁၉၆၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ပလောင်အမျိုးသားတပ်ဦး- PNF မှာ ပါဝင်ခဲ့တဲ့ ရဲဘော်ဟောင်းတွေကို တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားကိုယ်တိုင် ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်လာပါတယ်။

မတ်လ ၁၁ ရက်မှာ ဂုဏ်ပြုချီးမြှင့်ပွဲကို ရှမ်းမြောက် နမ့်ခမ်းမြို့နယ်ထဲ ပြုလုပ်ခဲ့ပြီး PNF နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့- PSLO/PSLA မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရှမ်း ၇ ဦး၊ တအာင်း ၇ ဦးနဲ့ လီဆူ ၁ ဦး စုစုပေါင်း ၁၅ ဦးအတွက် တစ်ဦးကို ဂုဏ်ပြချီးမြှင့်ငွေ ၁၀ သိန်း၊ ရွှေဆုတံဆိပ်နဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါတယ်။

အခမ်းအနားမှာ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက PNF မရှိရင် PSLO/PSLA တပ်ဖွဲ့ ဖြစ်မလာနိုင်ဘဲ PSLO/PSLA မရှိရင် TNLA တပ်မတော်လည်း ဖြစ်မလာနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒါကြောင့် တစ်ချိန်က PNF နဲ့ PSLO တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်ရဲမေတွေကို PSLF/TNLA အနေနဲ့ တအာင်းလူထုကိုယ်စား အမြဲအောက်မေ့ သတိရနေကြောင်း ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဂုဏ်ပြုပွဲအခမ်းအနားသို့ ဒုဗိုလ်ချူပ်ကြီး တားဂျုတ်ဂျားနဲ့ ဒုဗိုလ်မှူးကြီး တားကောင်ဝါည်၊ ဗိုလ်မှူး တားပ္လါင်ကဒူး၊ ဗိုလ်မှူး တားဆဲင်အံင်၊ နမ့်ခမ်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူနဲ့ ဒေသခံလူထု ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။