ဓာတ်ပုံ- CJ

မြတ်နိုး၊ မတ်လ ၁၃ ရက်၊ ပူတာအို

ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ရှိ လန်ဆယ်ဒေသမှာ ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး ကချင်တပ်မတော်- KIA ဘက် တာဝန်ပေးထားသူက ရွှေလုပ်ကွက်အတွက် ဒေသခံနဲ့ သဘောတူညီမှုမရှိဘဲ ဒေသခံတွေရဲ့ မြေဧက ထောင်ချီ သိမ်းယူနေကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

“ဒီရက်ပိုင်း KIO/KIA ဘက်က ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး တာဝန်ပေးထားတဲ့လူက အာဏာ အလွှဲသုံးစား လုပ်၊ ဒေသခံတွေရဲ့ မြေဧက တစ်ထောင်ကျော် သိမ်းပြီး ရွှေတူးဖို့ လုပ်နေတာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

KIA ရဲ့ လုပ်ရပ်ဟာ ဒေသခံတွေ လက်မခံနိုင်တဲ့ အတိုင်းအတာအထိ ဖြစ်နေတာကြောင့် လန်ဆယ်ဒေသခံတွေ လိုင်ဇာအထိ သွားရောက်ပြီး ဒေသခံရဲ့ သဘောထားဆန္ဒကို တင်ပြခဲ့ကြရတယ်လို့ သူက ပြောပါတယ်။

“ဒေသခံတွေရဲ့ ဘိုးဘွားပိုင် ခြံမြေတွေကို သိမ်းလိုက်တဲ့လုပ်ရပ်ကို ဒေသခံတွေက လက်မခံနိုင်ဘူး။ ဘာကိစ္စနဲ့ သူတို့အတွက် သီးသန့် ဧကတစ်ထောင်ကျော်တောင် သိမ်းရတာလဲ။ ကုမ္ပဏီနဲ့ သွားတာက ပြဿနာမဟုတ်ဘူး။ အခုက တစ်ဦးတစ်ယောက်အကျိုးအတွက် သိမ်းနေတာ” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဗဟိုကနေ ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး ဦးဆောင်ကော်မတီအနေနဲ့ တာဝန်ပေးလိုက်တဲ့အဖွဲ့က လန်ဆယ်မှာ ရွှေမှော်ပိုင်းကို တာဝန်ယူဖို့ ရောက်လာပြီး အဓိက ဦးဆောင်နေသူတစ်ဦးက အာဏာပါဝါကို အလွှဲသုံးစား လုပ်တဲ့ပုံစံနဲ့ သူ့ရဲ့ လူကြီးအတွက်ဆိုပြီး ဧက ထောင်ကျော် သိမ်းလိုက်တာလို့ သူက ရှင်းပြပါတယ်။

“မနေ့က ဒေသခံတွေဆီက သိရတာ ဧက ၂,၁၀၀ လို့ ကြားတယ်။ KIO/KIA ဘက်ကတော့ တစ်နိုင်တစ်ပိုင် ရွှေတူးမယ့် ဒေသခံတွေကို အခွန်ကင်းလွတ်ခွင့် ပေးမယ်လို့ ကြားတယ်။ လက်ရှိတော့ တစ်နိုင်တစ်ပိုင် ဒေသခံတွေကို ပိတ်ထားဆဲ ဖြစ်တယ်။ သူတို့လည်း “၀”အဖွဲ့အစည်းတွေနဲ့ ပေါင်းလုပ်မယ်ကြားတယ်” လို့ ပူတာအို ဒေသကို စောင့်ကြည့်နေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

အရင် ပြည်သူ့စစ်က ဒေသခံတွေနဲ့ လာတိုင်ပင်သလိုမျိုး KIO/KIA ဘက်ကလည်း တာဝန်ပေးထားတဲ့အဖွဲ့ကို ဒေသခံတွေကအဲဒီလို ဖြစ်စေချင်ကြတယ်‌လို့ သူက ပြောပါတယ်။

ဒါ့အပြင် ရွှေမှော် ပိတ်သိမ်းချိန် စက်ဆိုင်းတွေ ရွှေ့ခိုင်းတာ ရှိပေမဲ့ တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူတွေက ရွှေမှော် ပြန်ဖွင့်မယ် ထင်တာကြောင့် မရွှေ့ယူသေးတဲ့ သိန်းရာချီတန် စက်ဆိုင်းတချို့နဲ့ ယာယီတဲလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေက လက်ရှိ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့တဲ့ မြေတွေကို ရွှေလုပ်ကွက်အတွက်ဆိုပြီး ပုဂ္ဂလိကအကျိုးဆန်ဆန် ဧက ထောင်ချီ သိမ်းယူလိုက်တာကို လုံးဝ လက်မခံနိုင်တာကြောင့် KIO/KIA ဗဟို အထိ တင်ပြထားဆဲဖြစ်ပြီး ဒေသခံရဲ့ သဘောထားဆန္ဒအတိုင်း အရေးယူဆောင်ရွက်ပေးဖို့ မျှော်လင့်နေကြတယ်လို့ ပြောဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။