မိုင်းရူပ၊ မတ်လ ၁၃ ရက်၊ ကျင်စန်းကျော့

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ်- TNLA၊ ကိုးကန့်တပ်- MNDAA နဲ့ အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ်မှာ စက်ပစ္စည်းကလွှဲပြီး ကျန်ကုန်ပစ္စည်းတွေကို တရုတ်ဘက်က သယ်ယူခွင့် ပြုပေးနေပြီလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်ကစပြီး တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့နယ်စပ်ဂိတ်မှာ တရုတ်နိုင်ငံကနေ မြန်မာဘက် ကုန်ပစ္စည်း သယ်ယူခွင့် ပြုပေးတာဖြစ်ပြီး စက်ပစ္စည်းတွေကိုတော့ သယ်ယူခွင့် မပေးသေးဘူးလို့ နယ်စပ်ဂိတ်အကြောင်း သိရှိထားသူ ၁၀၅ မိုင်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စက်ပစ္စည်းကလွှဲရင် ကုန်ကတော့ ပေးထွက်ပြီပေါ့။ စက်ပစ္စည်း အကြီးစားတွေ ပေးမထွက်ဘူး။ ဥပမာ လက်ဖက်လှော်စက်တို့ ပါတာပေါ့။ တရုတ်ဘက်က သယ်ယူခွင့်ပြုပေမဲ့ အခွန်စျေးနှုန်းတော့ နည်းနည်းများတယ်”

တရုတ်ဘက်က ကုန်ပစ္စည်း သယ်ယူခွင့် ပြုပေမဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က ကောက်ခံတဲ့ အခွန်တွေ များတာကြောင့် ကုန်သည်အနည်းစုလောက်သာ ကုန်ပစ္စည်း ကုန်သွယ်မှု ပြုလုပ်နေသေးတယ်လို့ သူကဆက်ပြောပါတယ်။

ကျင်စန်းကျော့ဂိတ်ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကတည်း တရုတ်ဘက်က ပိတ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်ကစကာ မြန်မာဘက်ကနေ တရုတ်ဘက် ကြံ၊ ပြောင်းဖူးနဲ့ မီးသွေးကို တရုတ်က တင်သွင်းခွင့် ပြုရာကနေ လက်ရှိမှာ တရုတ်ဘက်ကနေ မြန်မာဘက် ကုန်ပစ္စည်း သယ်ယူခွင့် ပြန်လည် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ကျင်စန်းကျော့ဂိတ်ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ထားပြီး ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

နယ်စပ်ဂိတ်တွေ ပြန်လည် ဖွင့်လှစ်ခဲ့တာနဲ့ ပတ်သက်ပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့ကတော့ တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။