ဓာတ်ပုံ- CTER-Karenni

ယာရူစိင်၊ မတ်လ ၁၃ ရက်၊ ဒီးမော့ဆို

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အ‌ရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက် ည ၇ နာရီခွဲခန့်က ဒီးမော့ဆိုရှိ စစ်ရှောင်စခန်းတစ်ခုကို ‌စစ်တပ်က လေကြောင်းနဲ့ သုံးကြိမ် လာရောက်ပြီး ဗုံး ၁၅ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့‌တယ်လို့ ကရင်နီ အရေးပေါ်ကယ်ဆယ်ရေး- CTER-Karenni က မနေ့ မတ်လ ၁၂ ရက်‌မှာ ထုတ်ပြန်ထားပါတယ်။

“စစ်ရှောင်စခန်းတစ်ခုလုံးကို အကုန်ကြဲသွားတယ်။ အသက် ၄၀ အရွယ်ရှိတဲ့ အမျိုးသားတစ်ယောက်တော့ ဒဏ်ရာ ရရှိတယ်။ ‌စစ်ရှောင်စခန်းက တဲအိမ်တွေလည်း အများဆုံး ပျက်စီးသွားတယ်” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်ဟာ ကရင်နီပြည်ကို လက်နက်ကြီးပစ်ခတ်မှုအပါအဝင် ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုလည်း အကြိမ်ကြိမ် ပြုလုပ်နေသလို စစ်ရှောင်လူထုတွေကိုသာ ပစ်မှတ်ထားပြီး တိုက်ခိုက်နေကြောင်း CTER-Karenni ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာလည်း ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒီးမော့ဆိုအနောက်ခြမ်းရှိ စာသင်ကျောင်းနဲ့ ဆေးပေးခန်းတစ်ခုအပါအဝင် ‌အဆောက်အဦးတချို့ ပျက်စီးခဲ့ပါတယ်။

အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကရင်နီပြည်မှာ အရပ်သား ၆၀၀ ကျော် သေဆုံးခဲ့ကြောင်း ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက်က ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။