ဓာတ်ပုံ- CTER-Karenni

ယာရူစိင်၊ မတ်လ ၁၃ ရက်၊ ဒီးမော့ဆို

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အ‌ရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက် ည ၇ နာရီခွဲခန့်က ဒီးမော့ဆိုရှိ စစ်ရှောင်စခန်းတစ်ခုကို ‌စစ်တပ်က လေကြောင်းနဲ့ သုံးကြိမ် လာရောက်ပြီး ဗုံး ၁၅ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့‌တယ်လို့ ကရင်နီ အရေးပေါ်ကယ်ဆယ်ရေး- CTER-Karenni က မနေ့ မတ်လ ၁၂ ရက်‌မှာ ထုတ်ပြန်ထားပါတယ်။

“စစ်ရှောင်စခန်းတစ်ခုလုံးကို အကုန်ကြဲသွားတယ်။ အသက် ၄၀ အရွယ်ရှိတဲ့ အမျိုးသားတစ်ယောက်တော့ ဒဏ်ရာ ရရှိတယ်။ ‌စစ်ရှောင်စခန်းက တဲအိမ်တွေလည်း အများဆုံး ပျက်စီးသွားတယ်” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်ဟာ ကရင်နီပြည်ကို လက်နက်ကြီးပစ်ခတ်မှုအပါအဝင် ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုလည်း အကြိမ်ကြိမ် ပြုလုပ်နေသလို စစ်ရှောင်လူထုတွေကိုသာ ပစ်မှတ်ထားပြီး တိုက်ခိုက်နေကြောင်း CTER-Karenni ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာလည်း ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒီးမော့ဆိုအနောက်ခြမ်းရှိ စာသင်ကျောင်းနဲ့ ဆေးပေးခန်းတစ်ခုအပါအဝင် ‌အဆောက်အဦးတချို့ ပျက်စီးခဲ့ပါတယ်။

အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကရင်နီပြည်မှာ အရပ်သား ၆၀၀ ကျော် သေဆုံးခဲ့ကြောင်း ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက်က ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။