ဓာတ်ပုံ- CJ

လွေးထွေး၊ မတ်လ ၁၂ ရက်

ရှမ်းမြောက်မှ မြို့နယ်တချို့က ကားသမားတွေဟာ မန္တလေးမြို့ဘက် ပုံမှန် သွားလာလို့ရနေပေမဲ့ စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုကုန်တွေသာ တင်ဆောင်ခွင့် ရသလို လမ်းကြေးလည်း သိန်းဆယ်ချီအထိ ပေးနေရတယ်လို့ ကုန်ကားသမားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ခွင့်ပြုကုန်တွေဖြစ်တဲ့ ကြက်စာ၊ ဝက်စာ၊ နောက်ချေးနဲ့ ကုန်စုံ စတာတွေကိုသာ သယ်ဆောင်ခွင့်ပြုပြီး မန္တလေးမြို့ဘက် သယ်ဆောင်သွားတဲ့ လက်ဖက်တင်တဲ့ ကားတွေကိုလည်း ပုံစံအမျိုးမျိုးနဲ့ စစ်ဆေးရေးဂိတ်တိုင်းက စစ်ဆေးနေကြတာအပြင် ကုန်ကားတစ်စီးကို ကျပ်သိန်း ၂၀ နီးပါး ပေးပြီး ဖြတ်သန်းနေရတယ်လို့ ဆိုပါတယ်။

ကုန်ကားသမားတစ်ဦးက “အတက်က သူတို့ သတ်မှတ်ထားတဲ့ ကုန်တွေဘဲ တင်ပြီး တက်ကြတယ်။ တခြားကားတွေ တော်တော်များများက ခါလီပဲ တက်ကြတယ်။ သူတို့က တခြားကုန်ထက် လက်ဖက် တင်တဲ့ကား ပိုစစ်တယ်။ ငွေ ပိုတောင်းတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ရှမ်းမြောက်ဘက် တင်ပို့ဖို့ ကန့်သတ်ထားတဲ့ ကုန်တွေဟာ ဆန်၊ ဆီ၊ ဆားအပြင် လျှစ်စစ်ပစ္စည်း၊ ကုန်မာနဲ့ ရေပိုက်တွေ ဖြစ်ပါတယ်။

နောက်ထပ် နမ့်ဆန်မြို့မှ ကားပိုင်ရှင် အမျိုးသားတစ်ဦးက “အခုကာလ အတက်အဆင်း လုပ်တာ ဘယ်တန်မလဲ။ တချို့အခေါက်ဆို အရင်းတောင် ရှုံးတယ်။ ဒါပေမဲ့ လုပ်စားဖို့ လိုနေတော့ သွားလာရတာဘဲ။ ကိုယ့်ကုန်တွေက လက်ဖက်ဆိုတော့ လမ်းမှာစောင့်တဲ့ စစ်သားတွေက ပြောတာတော့ ရှိတာပေါ့။ နင်တို့လက်ဖက် ဘာလို့ ဒီဘက် ပို့တာလဲ။ နင်တို့ဘဲ စားလေတဲ့။ မတတ်နိုင်ဘူးလေနော်” လို့ ပြောပါတယ်။

ဒါ့အပြင် ရှမ်းမြောက် နောင်ချိုနဲ့ မန္တလေးတိုင်း ပြင်ဦးလွင်ကြားမှာလည်း ရှမ်းမြောက်က ကုန်ကားအပြင် ခရီးသည်ကားအားလုံးကို စစ်တပ်က ဆမ္မဆယ်ကွင်းလမ်းနဲ့ သုံးဆယ်ကွင်းလမ်းကနေသာ သွားခိုင်းပြီး တစ်ရက်ကို ကားအစီးရေ ၁၅၀ သာ ပေးဖြတ်တာကြောင့် လမ်းမှာ တစ်ပတ်ကျော်ကြာ ကား တန်းစီနေရပြီး သောင်တင်နေကြရတယ်လို့ ကားသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။