မိုင်းရူပ၊ မတ်လ ၁၂ ရက်၊ မိုးကုတ်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ လူမျိုးစုတိုင်း ပါဝင်တဲ့ မြို့လုံခြုံရေးတပ် ဖော်ဆောင်ဖို့ TNLA က ပြင်ဆင်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

TNLA က အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေး ခေါ်ယူပြီး တအာင်းလူမျိုးအပြင် လူမျိုးစုတိုင်း ပါဝင်တဲ့ မြို့လုံခြုံရေးတပ်ကို ဖော်ဆောင်ဖို့ ပါဝင်လိုသူကို စာရင်းကောက်ခံဖို့ ပြောဆိုထားတယ်လို့ မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တအာင်းလူမျိုးတွေကိုတော့ TNLA ကိုယ်တိုင် လာခေါ်တယ်။ တခြားလူမျိုးတွေကိုတော့ ရပ်ကွက်လူကြီးကနေတဆင့် စာရင်း ကောက်ခိုင်းတာ။ ရွာအပေါ် မူတည်ပြီး ကောက်သွားမှာ။ တစ်ရွာကို ၃၀ လား၊ ၅၀ လား အဲလိုပေါ့”

မြို့လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်မယ့်သူတွေကို TNLA က စစ်သင်တန်း ပေးသွားမှာဖြစ်ပြီး အလှည့်ကျစနစ်နဲ့ မြို့လုံခြုံရေးကို စောင့်ရမှာ ဖြစ်တယ်လို့ TNLA နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မိုးကုတ်ထဲမှာတော့ လူမျိုး မခွဲတော့ဘူး။ မြို့လုံခြုံရေးမှာ ပါဝင်တဲ့သူ အရေအတွက်အပေါ် မူတည်ပြီးတော့မှ စစ်သင်တန်း ပေးမယ်။ လက်နက် တပ်ဆင်ပေးမှာပေါ့။ ပြီးမှ မြို့တွင်းက တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေမှာ ဆောင်ရွက်လို့ရအောင် TNLA က စည်းရုံးထားတာ ရှိတယ်”

မြို့လုံခြုံရေးတပ်မှာ ပါဝင်သူအနေနဲ့ အမြဲတမ်း တာဝန်ထမ်းဆောင်စရာ မလိုဘဲ အလှည့်ကျစနစ်သာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“အမြဲတမ်း တာဝန်ထမ်းဆောင်စရာ မလိုဘူး။ တစ်လမှာ တစ်ရပ်ကွက် ၁ ယောက်ဆိုရင် အဲရပ်ကွက်မှာ အယောက် ၁၀၀ ရှိရင် သူအလှည့်ရောက်ဖို့ အကြာကြီး နေရအုံးမယ်”

မိုးကုတ်မှာ မြို့လုံခြုံရေးတပ် ဖော်ဆောင်နေတာနဲ့ ပတ်သက်ပြီး အသေးစိတ် သိရဖို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ရွှေဖီမြေက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

TNLA ရဲ့ စစ်မှုထမ်းဥပဒေအရ ညီအစ်ကို ၂ ဦးနဲ့အထက်ရှိတဲ့ အသက်ပြည့်ပြီးတဲ့ တအာင်းလူမျိုးတိုင်းဟာ တအာင်းတပ်ထံ တစ်ဦး စစ်မှုထမ်းရမယ်လို့ ဖော်ပြထားပါတယ်။

မြို့လုံခြုံရေးတပ် ဖော်ဆောင်ဖို့ လုပ်နေတဲ့ မိုးကုတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့မြို့လည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။