ဓာတ်ပုံ- CJ

မိုင်းရူပ၊ မတ်လ ၁၂ ရက်

တအာင်းတပ်မတော်- TNLAနဲ့ ကချင်တပ်မတော်- KIA တို့အကြား ဖြစ်ပွားနေတဲ့ နယ်မြေ အငြင်းပွားမှုကို နှစ်ဖက်တပ်အပြင် ရှမ်းမြောက်က လူထုနဲ့ပါ တွေ့ဆုံဖို့ ပြင်ဆင်နေတယ်လို့ KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။

ဒီမတ်လအတွင်း TNLA နဲ့ KIA တို့အကြား အောက်ခြေတပ်မှာ ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုကို ဆွေးနွေးနိုင်ဖို့ KIA ရဲ့ ဗဟိုကော်မတီက ဆွေးနွေးနေပြီး ရှမ်းမြောက်ရှိ လူထုတွေနဲ့ပါ တွေ့ဆုံဖို့ လိုတယ်လို့ ဆိုပါတယ်။

“ရှမ်းမြောက်ဘက်က ကိစ္စတွေကို KIA ရဲ့ ဗဟိုကော်မတီက ညှိနှိုင်းနေပါတယ်။ ဆွေးနွေးနေပါတယ်။ လူထုနဲ့လည်း ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ကွတ်ခိုင်ကိစ္စနဲ့ ပတ်သက်ပြီး KIO ဗဟိုကော်မတီအနေနဲ့ ဆွေးနွေးတာ မရှိသေးပါဘူး။ ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ကာလ ဖြစ်ပါတယ်” လို့ KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။

နှစ်ဖက်တပ်အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှု ဒီထက် ပိုမကြီးထွားအောင် အောက်ခြေတပ်ဖွဲ့တွေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ KIA က မှာကြားထားတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောပါတယ်။

TNLA နဲ့ KIA အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုကို ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် သိရဖို့ကို TNLA ပြောခွင့်ရသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်မှာ ကွတ်ခိုင်မြို့ထဲ KIA တပ်သား ရာချီက ဝင်ရောက်လာရာကနေ နှစ်ဖက်တပ်အကြား အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး အဲဒီနောက် ကွတ်ခိုင်မြို့ရှိ KIA ရဲ့ ဆက်ဆံရေးရုံးကို TNLA က ဝင်ရောက်စီးနင်းခဲ့ရာ နှစ်ဖက်တပ်အကြား ထိုးကြိတ်မှု ဖြစ်ပွားခဲ့ပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ တခြားလက်နက်ကိုင်တွေ လက်နက်နဲ့ သွားလာခွင့် ပြုမှာမဟုတ်ဘဲ မဟာမိတ်တပ်အချင်းချင်း လေးစားတဲ့အနေနဲ့ အရပ်ဝတ်နဲ့ ဆက်ဆံရေးရုံး ဖွင့်ခွင့်ကိုတော့ ခွင့်ပြုပေးသွားမယ်လို့ လွေးယေဦးက ဧရာဝတီသတင်းဌာနသို့ ပြောဆိုထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ KIA ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ် မိုင်ဂျာယန်မြို့ရှိ TNLA ဆက်ဆံရေးရုံးကို KIA ဘက်က ဖယ်ရှားခိုင်းတဲ့ဖြစ်စဥ်လည်း ရှိခဲ့တယ်လို့ လွေးယေဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ရှမ်းမြောက်နမ့်ခမ်းမြို့နယ် မိုင်းဝီးရွာ၊ မန်တုံနဲ့ ကွတ်ခိုင်မြို့နယ်မှာ KIA နဲ့ TNLA အောက်ခြေတပ်သားအချင်းချင်း ပွတ်တိုက်မှု မကြာခဏ ဖြစ်ပွားနေပါတယ်။

TNLA နဲ့ KIA ဟာ မြောက်ပိုင်းမဟာမိတ်ဖြစ်တဲ့အပြင် “ဝ”တပ်- UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ- FPNCC ရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။