ဓာတ်ပုံ- Local

အိုက်ပွီး၊ မတ်လ ၁၂ ရက်၊ တမူး

အိန္ဒိယ-မြန်မာနယ်စပ် ချင်းလူမျိုးတွေနေထိုင်တဲ့ တမူးမြို့နယ် ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်လည် သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းပေးဖို့ မဏိပူရ်ပြည်နယ်အမတ်က အိန္ဒိယ လွှတ်တော်မှာ အဆို တင်သွင်းထားပါတယ်။

မတ်လ ၁၀ ရက်က ကျင်းပတဲ့ အိန္ဒိယ အထက်လွှတ်တော် အစည်းအဝေးမှာ မဏိပူရ်ပြည်နယ် လွှတ်တော်အမတ် Leishemba Sanajaoba က အိန္ဒိယ ဗဟိုအစိုးရကို အခုလို အဆို တင်သွင်းလိုက်တာ ဖြစ်ပါတယ်။

၁၈၃၄ ခုနှစ် ကဘော်ချိုင့်ဝှမ်း သဘောတူညီမှုနဲ့ ၁၈၂၆ ခုနှစ် ရန္တပိုစာချုပ်အရ သတ်မှတ်ထားတဲ့ လျော်ကြေးကို မြန်မာနိုင်ငံသို့ ဆက်လက် ပေးချေစေတာ ဒါမှမဟုတ် လက်ရှိ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်လည် သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းပေးဖို့ တိုက်တွန်းတာပါ။

ကဘော်ချိုင့်ဝှမ်းဒေသဟာ ၂၂.၂၁၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ၁၄၅၀ ခုနှစ်ကတည်းက မဏိပူရ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကာ မဏိပူရ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိခဲ့တယ်လို့ LeishemLba Sanajaoba က ဆိုပါတယ်။

ဒါ့အပြင် ၁၉၅၃ ခုနှစ် မတ်လ ၃ ရက်မှာ အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံး ဝန်ကြီးချုပ် ဂျဝါဟာလာလ်နေရူးက မြန်မာဝန်ကြီးချုပ် ဦးနုနဲ့ ကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်အစိုးရနဲ့ တိုင်ပင်မှု မရှိဘဲ မြန်မာနိုင်ငံသို့ လက်ဆောင်အဖြစ် ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲလို ပေးအပ်ခဲ့တဲ့ ဂျဝါဟာလာလ်နေရူးရဲ့ လုပ်ရပ်ဟာ မဏိပူရပြည်နယ်ရဲ့ သမိုင်းမှာ အမှောင်ဆုံးအချိန် ဖြစ်တယ်လို့ လွှတ်တော်မှာ LeishemLba Sanajaoba က စွပ်စွဲပြောဆိုပါတယ်။

မဏိပူရ်ပြည်သူကလည်း ဒီလုပ်ရပ်အတွက် ဂျဝါဟာလာလ်နေရူးနဲ့ ကွန်ဂရက်ပါတီကို ဘယ်တော့မှ ခွင့်မလွှတ်နိုင်သလို ကဘော်ချိုင့်ဝှမ်းဒေသ ပြန်လည်သိမ်းယူဖို့ မြန်မာနိုင်ငံက မဏိပူရ်ဘုရင်ခံကို လစဉ် ရူပီးငွေ ၅၀၀ ကို လျော်ကြေးငွေအဖြစ် ပေးဆောင်ဖို့ သဘောတူထားခဲ့ကြကြောင်း မြန်မာဘက်က လျော်ကြေးငွေတွေကို ဆက်လက် ပေးချေနိုင်ဖို့ ကြားဝင်စေ့စပ်တာတွေ လုပ်ဆောင်ပေးဖို့ အဆိုတင်သွင်းခဲ့ပါတယ်။

လက်ရှိ မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက်မှာ မဏိပူရ်ပြည်နယ် ကသည်း လက်နက်တပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ထားပြီး လှုပ်ရှားနေကြတယ်လို့ တမူးမြို့နယ် ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တမူးမြို့နယ် တိုက်ပွဲမှာ အိန္ဒိယနိုင်ငံသား ကသည်း လက်နက်ကိုတပ်ဖွဲ့ဝင်ဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ပါတယ်။

မဏိပူရ်ပြည်နယ်အမတ် တောင်းဆိုတဲ့ ကဘော်ချိုင့်ဝှမ်းဒေသဟာ ချင်းလူမျိုးတွေ နေထိုင်တဲ့ဒေသဖြစ်သလို ချင်းတော်လှန်ရေး လှုပ်ရှားတဲ့နေရာလည်း ဖြစ်ပါတယ်။

လက်ရှိ မဏိပူရ်ပြည်နယ်မှာလည်း ချင်းအနွယ် ဖြစ်ကြတဲ့ ကူကီး-ဇိုမျိုးနွယ်စုနဲ့ ကသည်းလူမျိုးတို့အကြား လူမျိုးရေးပဋိပက္ခ ပြင်းထန်နေပြီး အဆိုပါ ပဋိပက္ခကို ကိုင်တွယ်မဖြေရှင်းနိုင်တဲ့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်ဟာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။