ဓာတ်ပုံ- CJ

အိုက်ပွီး၊ မတ်လ ၁၁ ရက်၊ ဂန့်ဂေါ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် စင်ပုံကျေးရွာအနီး စစ်သုံ့ပန်း ထားရှိတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ CDM တပ်သား ၁ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၄ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်ရေးနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ မတ်လ ၁၀ ရက် ည ၁၀ နာရီဝန်းကျင်မှာ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ဂန့်ဂေါနဲ့ ထီးလင်းအစပ် စင်ပုံရွာအနီးက စစ်သုံ့ပန်း ထားတဲ့နေရာကို ဗုံးကြဲသွားတာပါ။ CDM ပြုလုပ်ထားတဲ့ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးတယ်။ စစ်သုံ့ပန်း လေးယောက် ပြင်းထန်ဒဏ်ရာ ရတယ်။ ကျန်တဲ့ ၇ ယောက်လောက်က အနည်းငယ်စီ ဒဏ်ရာ ရကြတယ်” လို့ စစ်ရေးနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဗုံးကြဲခံရတဲ့ စစ်သုံ့ပန်းစခန်းမှာ တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၆၄ ဦး ရှိတယ်လို့ သိရပါတယ်။

အလားတူ မနေ့ည ၁၂ ဝန်းကျင်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဂန့်ဂေါမြို့နယ် ကျွန်းဒတ်ရွာကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နွား ၆ ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ရှေ့ဆင့်နောက်ဆင့် လေကြောင်း တိုက်ခိုက်သွားတာပါ။ စစ်ဘေးရှောင်တွေနဲ့ ရွာသားတွေ နေထိုင်တဲ့နေရာကို ဗုံးကြဲသွားတာ။ လူကတော့ ထိခိုက်မှု မရှိပေမဲ့ ပြည်သူတွေ မွေးထားတဲ့ နွား ၆ ကောင်တော့ သေဆုံးခဲ့ပါတယ်” လို့ ဂန့်ဂေါမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်ကလည်း ဂန့်ဂေါမြို့နယ် ကန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။