ဓာတ်ပုံ- အမှတ်(၁) စစ်ဒေသ

ခိုင်လေး၊ မတ်လ ၁၁ ရက်၊ နွားထိုးကြီး

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းကနေ ထွက်လာတဲ့ စစ်‌ကောင်စီစစ်ကြောင်းကို နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာ‌ကြောင့် စစ်သား ၂၅ ဦး သေဆုံးပြီး အရာရှိ ၂ ဦး အပါအဝင် ၁၄ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်က ဝက်လူး ရဲစခန်းကနေ ထွက်လာတဲ့ တပ်မ ၁၀၁ လက်အောက်ခံ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း ၄၊ ၁၀၊ နွားထိုးကြီးမြို့နယ် ပကဖ နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့က ကျတွင်းဘိုးရွာ အနောက်တောင်ဘက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲက မနက် ၉ နာရီကနေ နေ့လယ် ၂ နာရီခွဲလောက် ကြာတယ်။ အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ထားတဲ့အတိုင်းပါဘဲ။ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကိုတော့ ဘယ်လိုထိန်းသိမ်းထားလဲ ဘယ်မှာ ထားလဲဆိုတာတော့ ပြောလို့ မရဘူး” လို့ နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်က မိတ္ထီလာနဲ့ တံတားဦး လေတပ်ကနေ ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်း ၂ ကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နွားထိုးကြီးမြို့နယ် ပကဖဘက်မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ် လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုမှာ စစ်တပ်ရဲ့ MA-1 ၁၉ လက်၊ MA-2 ၂ လက်၊ MA-3 ၇ လက်၊ MA-5 ၂ လက်၊ MA-11 ၇ လက်၊ MA-12 ၁ လက်၊ G-3 ၂ လက်၊ G-4 ၁ လက်၊ ၆၀ မမ ပြောင်းတို ၂ လက်၊ ၈၁ မမ စိန်ပြောင်း ၁ လက်၊ 5.56 ကျည် (၁၂,၀၀၀)တောင့်၊ 7.62 ကျည် (၁,၀၄၅)တောင့်၊ ၉ မမ ကျည် ၁၉ တောင့်၊ ၆၀ မမ ကျည် ၂၈ လုံး၊ ၈၁ မမ ကျည် ၇ လုံး၊ RPG ကျည်အဖူး ၇ လုံး၊ RPG ပို့ကျည် ၈ တောင့်၊ အီနာဂါ ၂၁ လုံး၊ နင်းမိုင်း ၅ လုံး၊ လက်ပစ်ဗုံး ၁၁ လုံး၊ Laptop ၂ လုံး၊ ဆက်သွယ်ရေးစက် ၂ လုံး စုစုပေါင်း လက်နက် ၄၄ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။