ဓာတ်ပုံ – CJ

လွေးထွေး၊ မတ်လ ၁၀ ရက်၊ လားရှိုး

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ် ကြာကန်နောင်လိုင် (ခ) နောင်မိုကျေးရွာက အမျိုးသမီးတစ်ဦးဟာ ခြံရှင်းနေရင်း မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ကို ပေါက်ပြားနဲ့ ပေါက်မိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း အစ်မဖြစ်သူရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီအမျိုးသမီးဟာ အသက် (၃၀) ဝန်းကျင်အရွယ် ဒေါ်အမ်ခေါဝ်ဖြစ်ပြီး မနေ့ မတ်လ ၉ ရက် ညနေ ၃ နာရီ ဝန်းကျင်မှာ ဟင်းခြံထဲက မြက်ရှင်းနေရင်း စစ်ကျန်လက်နက်တစ်ခုကို ပေါက်မိတာ ဖြစ်ပါတယ်။

အမ်ခေါဝ်ရဲ့အစ်မဖြစ်သူက “သူပေါက်မိတာက မိုင်းလား၊ လက်နက်ကြီးလား၊ လက်ပစ်ဗုံးလား သေချာမသိရဘူး။ တိုက်ပွဲတွေဖြစ်ပြီးတော့ အဲခြံထဲကို သူကစပါးပြန်လာရိတ်သေးတယ်။ အဲချိန်ဘာမှမဖြစ်ဘူး” လို့ ရွှေဖီမြေသို့ ပြောပါတယ်။

၎င်းအမျိုးသမီးဟာ ခြေထောက်၊ လက်နဲ့ မျက်နှာက ဒဏ်ရာ‌တွေကြောင့် ဒီနေ့ မတ်လ ၁၀ ရက်အထိတော့ လားရှိုးပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ရှမ်းမြောက် သီပေါ၊ နမ့်ခမ်း၊ ကွတ်ခိုင်စတဲ့ မြို့နယ်တွေမှာ တစ်လအတွင်း မြေမြှပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်ကြောင့် အရပ်သား ၇ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။