ဓာတ်ပုံ – Local (ပုံဟောင်း)

လွေးလာဝ်ဇာရ်၊ ‌မတ်လ ၁၀ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ်က နားကျောင်းခမ်းကျေးရွာထဲကို စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက် ည ၇ နာရီဝန်းကျင်မှာ လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပြီး‌ ဘယ်ဖက်ကနေ ပစ်လာတယ်ဆိုတာကိုတော့ သေချာမသိရဘူးလို့ ဆိုပါတယ်။

ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “နားကျောင်းခမ်းရွာထဲကို လက်နက်ကြီး ပစ်လာတာ။ ညအချိန်ဆိုတော့ အဲလက်နက်ကြီးက ဘယ်ကနေ ပစ်လာတာလဲတော့ မသိရဘူး။ ကလေးတစ်ယောက် ထိခိုက်ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

အဲဒီနားကျောင်းခမ်းရွာထဲကို လက်နက်ကြီး‌ ၄ လုံး ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်တွေကိုတော့ မသိရ‌ဘူးလို့ အထက်ပါ အမျိုးသားက ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်မှာလည်း အုမ္မသီးကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကြံခင်းနဲ့ နေအိမ်တချို့လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ၂၀၂၄ ဇူလိုင် ၁၀ ရက်မှာ TNLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

နောင်ချိုမြို့နဲ့ မိုင် ၂၀ ခန့်ကွာဝေးတဲ့ တောင်ခမ်းကျေးရွာနဲ့ အုမ္မတီးကျေးရွာတွေဘက်မှာ စစ်ကောင်စီနဲ့ TNLA အကြား လက်ရှိအချိန်အထိ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။