ရွှေဖီမြေ၊ မတ်လ ၉ ရက်

တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်နယ်မြေမှာ ၁ လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ ရောင်းဝယ်သူ ၉၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ တအာင်းတပ်က မနေ့ မတ်လ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်း၊ မိုးကုတ်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်နဲ့ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅)ဦးနဲ့ ရောင်းဝယ်သူ (၇)ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေထဲမှ နမ့်ခမ်းမှာ သုံးစွဲသူ ၂၇ ဦးနဲ့ ရောင်းဝယ်သူ ၅ ဦး၊ မိုးကုတ်မှာ သုံးစွဲသူ ၂ ဦး၊ ကွတ်ခိုင်မှာ သုံးစွဲသူ ၇ ဦး၊ ကျောက်မဲမှာ သုံးစွဲသူ ၁၇ ဦးနဲ့ရောင်းဝယ်သူ ၁ ဦး၊ နမ့်ဆန်မှာ သုံးစွဲသူ ၂၃ ဦးနဲ့ မိုင်းယော်မှာ သုံးစွဲသူ ၉ ဦးနဲ့ ရောင်းဝယ်သူ ၁ ဦးဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေကို အကျင့်စာရိတ္တပြုပြင်ရေးစခန်းမှာ ပို့ဆောင်သွားမှာဖြစ်ပြီး ပစ်မှုကြီးတဲ့သူတွေကိုတော့ အကျဥ်းထောင်အတွင်း ထိန်းသိမ်းသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း -PSLF/TNLA ထိန်းချုပ်ထားတဲ့ဒေသတွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူ ၁၉၂၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။