သတင်းဓာတ်ပုံ
လွေးဇွန်မိုး၊ မတ်လ ၈ ရက်
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်နဲ့ နမ့်ဆန်မြို့နယ်ထဲက နေရာတချို့မှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပခဲ့ကြပါတယ်။
ဒီနေ့ မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို တအာင်းအမျိုးသမီးအဖွဲ့အစည်း- TWO နဲ့ PSLF/TNLA ရဲ့ အမျိုးသမီးဌာနက အခမ်းအနား ကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်။
အခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံနဲ့ တအာင်းဒေသက အမျိုးသမီးတွေ နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံနေရတဲ့ အခြေအနေကို ရှင်းပြခဲ့ပြီး ပဟေဋိ ဥာဏ်စမ်းမေးခွန်း အမေးအဖြေကဏ္ဍလည်း လုပ်ဆောင်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ၁၉၂၂ ခုနှစ်က သတ်မှတ်ခဲ့တာဖြစ်ပြီး ဒီနေ့ကတော့ (၁၀၃)နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။