ဓာတ်ပုံ – Local (ပုံဟောင်း)

ပျားကြီး၊ မတ်လ ၈ ရက်၊ မန္တလေး

တနိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာ ကိုယ်ပိုင်ကျောင်းတွေအနေနဲ့ နွေရာသီသင်တန်းတွေ မဖွင့်ဖို့ စစ်ကောင်စီက အဓမ္မပိတ်ပင်ထားတယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

နွေရာသီကျောင်းပိတ်ရက်ကာလ ၃ လအတွင်း ကိုယ်ပိုင်ကျောင်းတွေမှာ ဖွင့်လှစ်လေ့ရှိတဲ့ သင်တန်းတွေအားလုံးကိုရပ်ပစ်ဖို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားတာဖြစ်ပါတယ်။

“အဓိက ကတော့ စစ်ကောင်စီလက်အောက်ကကျောင်းတွေမှာ လူနည်းတော့ ကိုယ်ပိုင်ကျောင်းတွေကို ဖိအားပေးတာပေါ့။ ကိုယ်လည်း မလုပ်နိုင်ဘူး။ လုပ်နိုင်တဲ့သူတွေ လုပ်နေတော့လည်း မနာလိုစိတ်ကြီးပြီး ကဖျက်ယဖျက်လုပ်တာ။ ကိုယ်ပိုင်ကျောင်းအားလုံးက လာမယ့်ကျောင်းဖွင့်ချိန်ကျမှပဲ ပြန်ဖွင့်ရတော့မှာ” လို့ မန္တလေးမြို့ခံ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ မန္တလေးမြို့မှာရှိတဲ့ ကိုယ်ပိုင်ကျောင်းတွေအားလုံးဟာ သင်တန်းကြေး ပေးသွင်းထားမှုတွေအတွက် ငွေပြန်အမ်းပေးမှုတွေ ပြုလုပ်နေပေမဲ့ ရန်ကုန်မြို့နဲ့ နေပြည်တော်က ကျောင်းတချို့ကတော့ ကျောင်းဖွင့်ထားဆဲဖြစ်ပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့ ကိုယ်ပိုင်ကျောင်း တည်ထောင်သူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီက ကိုယ်ပိုင်ကျောင်းတွေကိုနွေရာသီသင်တန်းတွေ ဖွင့်ခွင့်အဓမ္မပိတ်ပင်ထားပေမဲ့ အခြေခံပညာကျောင်းတွေမှာတော့ ပန်းချီ၊ ပန်းပုနဲ့ အားကစားသင်တန်းတွေ၊ ယဥ်ကျေးလိမ်မာသင်တန်းတွေကို ဖွင့်လှစ်နေပြီး ကိုယ်ပိုင်ကျောင်းက ကျောင်းသား ကျောင်းသူတွေကိုလည်းအချိုးကျ တက်ရောက်စေဖို့လည်း ညွှန်ကြားထားတယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။