ဓာတ်ပုံ – MDY Revolution

ပျားကြီး၊ မတ်လ ၈ ရက်၊ မန္တလေး

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာက နေအိမ်ပေါင်း ၈၀ ကျော်ကို လမ်းနယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီက စက်ယန္တရားတွေသုံးပြီး ဖြိုဖျက်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး – မတ္တရာလမ်းမကြီးနဲ့ အေးရိပ်ငြိမ်သုဿန်အဝင်လမ်းဆုံမှာရှိတဲ့ လူနေအိမ်တွေကို မတ်လ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ စက်ယန္တရားတွေနဲ့ အဓမ္မဖြိုဖျက်ခဲ့တာ ဖြစ်ပါတယ်။

“၃ ရက်နေ့ညကမှသိရတာ ဖျက်ရမယ်ဆိုတာ။ ကျွန်တော်တို့က ကျူးကျော်တွေမဟုတ်ဘူးလေ။ ရွာမြေတွေပေါ်မှာ နေကြတာ။ ဆိုင်တွေ ဖွင့်ထားကြတာလေ။ အခုကျ သက်သက်အနိုင်ကျင့်တာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့နဲ့ ၄ မိုင်ကျော်ပဲ ကွာဝေးတဲ့ ကြာနီကန်ကျေးရွာအနီးက ထီးတော်မိုးကျေးရွာမှာ စစ်ကောင်စီရဲ့ အမှတ် (၅) လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၂) စစ်သားစုဆောင်းရေးတပ်ရင်းတို့ရှိနေပြီး မတ္တရာမြို့နယ်တခုလုံးကို လက်နက်ကြီးနဲ့ အဓိက ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့နေရာဖြစ်တာကြောင့် နယ်မြေရှင်းလင်းဖို့အတွက် အခုလို လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။

အခုလို နေအိမ်တွေ ဖြိုချဖျက်စီးမှုကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက မန္တလေး – မတ္တရာလမ်းတလျောက်မှာ လုံခြုံရေးအပြည့်အဝရယူ လုပ်ဆောင်ခဲ့တာဖြစ်ပြီး နေအိမ်တွေ ဖြိုဖျက်မှုကိုမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသူ (၅) ဦးထက်မနည်းကိုလည်း ကိုယ်ထိလက်ရောက်ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။