မိုင်းပန်ပျော်၊ မတ်လ ၈ ရက်၊ ကွတ်ခိုင်

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသမှာ ရွှေဆက်မတူးဖို့ ဒေသခံတွေနဲ့ ကိုးကန့်တပ်မတော် MNDAA တို့က သဘောတူညီမှု ရလိုက်‌တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မတ်လ ၇ ရက်မှာ ဒေသခံတွေနဲ့ ကိုးကန့်တပ်ရဲ့ တာဝန်ရှိသူတွေက တွေ့ဆုံဆွေး‌နွေးပြီးနောက် ရွှေတူးဖော်မှုတွေ ဆက်မလုပ်ဖို့ဆိုတဲ့ ဒေသခံတွေရဲ့ တောင်းဆိုချက်ကို ကိုးကန့်တပ်က သဘောတူပေးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သေသွားတဲ့ကိစ္စကတော့ သူတို့ဆွေးနွေးတာ မပြီးသေးဘူးဖြစ်နေတာ။ အခုချိန်ထိသူတို့ညှိနေတုန်း။ တော်တော်နဲ့ မပြီးသေးဘူးလို့ပြောတယ် ပြဿနာက။ ရွှေဆက်မတူးဖို့တော့ သဘောတူတယ်လို့တော့ ကြားတယ်။ ဘယ်အဖွဲ့အစည်းမှလည်း တူးလို့မရတော့ဘူးလို့တော့ ကြားတယ်အဲဒါ”

ပြီးခဲ့တဲ့ မတ်လ ၅ ရက်က ပြိန်းခမ်းကျေးရွာအနီးမှာရှိတဲ့ ရွှေလုပ်ကွက်ကို MNDAA က ရွှေတူးနေစဉ် KIA တပ်ဖွဲ့နဲ့ ဒေသခံတွေက ဆက်မတူးဖို့ သွားရောက်တားဆီးရာကနေ ပစ်ခတ်မှုဖြစ်ပြီး KIA တပ်သား ၂ ဦးအပါအဝင် ၆ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ KIA တပ်သားတွေနဲ့ ဒေသခံတွေရဲ့ အသုဘစရိတ်အပြင် ထိခိုက်ဒဏ်ရာရသွားသူတွေရဲ့ ဆေးကုသစရိတ်ကိုလည်း ကိုးကန့်တပ်မတော် MNDAA က တာဝန်ယူဖြေရှင်းပေးမယ်လို့ ဒေသခံတွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။