ဓာတ်ပုံ – KNU

ပို့လဘား၊ မတ်လ ၈ ရက်၊ ကရင်

ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ် လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦး သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ကဒီနေ့ မတ်လ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၆ ရက် နေ့လည် ၂ နာရီဝန်းကျင်မှာ လယ်ဒိုမြို့ ကျောက်ကြီးပေါက်ကျေးရွာနဲ့ မူးမြို့နယ် မကျဉ်းတောကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက”စစ်ခေါင်းဆောင်ကိုယ်တိုင်ကတော့ တရားစစ်ဆင်နွှဲနေပါတယ်။ တရားသောစစ် မတရားသောစစ်ဆိုတာ ပြည်သူလူထုက ကိုယ်တိုင်ကြုံတွေ့နေရတာဆိုတော့ ပြည်သူလူထုကလည်း ကောင်းကောင်းနားလည်ပါတယ်။ အဲလိုလုပ်ခြင်းအားဖြင့် သူတို့ရှုံးနေတဲ့စစ်ကို ဘယ်လိုမှကာလို့မရတော့ပါဘူး။ တဖြည်းဖြည်း စစ်ရာဇဝတ်မှု နွံထဲမှာပဲ ကျွံပြီးကျွံ နွံပြီးနွံ ဘယ်လိုမှရုန်းထွက်လို့မရတော့ဘူးလို့ ကျနော်တို့ တွေ့မြင်နေရတယ်”လို့ ပြောပါတယ်။

၎င်းသေဆုံးသွားတဲ့သူဟာ အသက် ၆၃ နှစ်နဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၅၅နှစ်အရွယ်ရှိအမျိုးသားတစ်ဦးတို့ဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်နဲ့ ၂၄ နှစ်အရွယ်ရှိ အမျိုးသမီးနှစ်ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ နာရီ ညနေ ၄ နာရီဝန်းကျင်မှာလည်း ကမမောင်းမြို့နယ်က ကျောက်ကွင်းကြီးဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ ကျောင်းထိုင်ဆရာတောတစ်ပါး ဗုံးစထိမှန်ပြီး ပျံ‌လွန်တော်မူသွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။