ဓာတ်ပုံ – Local

ယာရူစိင်၊ မတ်လ ၈ ရက်၊ ကျိုင်းတုံ

ရှမ်းအရှေ့ ကျိုင်းတုံမြို့နဲ့ တာချီလိတ်မြို့မှာ တစ်ပတ်အတွင်း လုယက်မှု၊ ခိုးမှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်က ‌ကျိုင်းတုံမြို့ နောင်လိတ်ရှိ တရုတ်စာသင်ကျောင်းမှာ သမီးဖြစ်သူကို သွားကြိုပြီး အပြန်လမ်းမှာ သားအမိနှစ်ဦးဟာ ဆိုင်ကယ်လုယက်ခံရပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဆိုင်ကယ်တော့ ပါသွားတယ်။ အမေဖြစ်သူက နဖူးကွဲသွားတယ်။ သမီးဖြစ်သူကျ လက်ချောင်းကျိုးသွားတဲ့အထိ ဖြစ်သွားတယ်။ အဲအမျိုးသားက သူတို့သားအမိနှစ်ယောက်ကို ကန်လိုက်တော့ လဲကျတာ အဲတာနဲ့ ဆိုင်ကယ်ကို လုသွားတယ်။ မိန်းကလေးဆိုတော့ ဖြည်းဖြည်းပဲမောင်းတာလေ။ ကျိုင်းတုံမှာ ကျ‌နော် သိသလောက်ဆိုရင် ဒီတစ်ပတ်အတွင်း လုယက်မှုက ၃ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်ပေါ့”

ဒါ့အပြင် တာချီလိတ်မြို့ ညဈေးမှာလဲ ပြီးခဲ့တဲ့ မတ်လ ၆ ရက် ည ၉ နာရီဝန်းကျင်အချိန်မှာ ဆိုင်ကယ်တစ်စီး ခိုးခံလိုက်ရတယ်လို့ တာချီလိတ်မြို့ခံ တစ်ဦးက ပြောပါတယ်။

“ညဈေးမှာက ဆိုင်ကယ် မကြာခဏ ပျောက်တတ်တယ်။ လုယက်မှုလဲ ဒီတပတ်အတွင်းမှာ ၂ ကြိမ်မကဘူး ဖြစ်သွားတယ်။ ဒီမှာရှိတဲ့ ရဲတွေကလည်း ဘာမှမလုပ်တတ်သလိုဘဲ ဘာအမှုမှ မပေါ်လို့လေ။ ဘယ်နေရာမှ မလုံခြုံတော့ဘူး လုယက်မှုဖြစ်လိုက် ခိုးမှုဖြစ်လိုက်ဆိုတော့လေ။ ဘယ်အမှုကိုမှ သက်ဆိုင်ရာဌာနတွေက မဖော်ထုတ်နိုင်ရင် ခိုးမှုမကဘူး လူသတ်မှုပါ ရှိလာမှာစိုးရိမ်ရတယ်”

အလားတူ ရှမ်းမြောက် မူဆယ်မြို့မှာလဲ တစ်ပတ်အတွင်း လုယက်မှု ၂ ကြိမ်ထက်မနည်း ဖြစ်ပွား‌ပြီ ဒါ့အပြင် မနေ့ မတ်လ ၇ ရက် မနက် ၇ နာရီဝန်းကျင်အချိန်မှာလည်း မူဆယ်မြို့ တော်ရွက်ရပ်ကွက်မှာ မောင်နှမဖြစ်သူနှစ်ယောက်က အလုပ်ကနေ ပြန်လာနေစဉ် သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ ဖုန်း လုယက်သွားတာဘဲ ဖြစ်ပါတယ်။

စစ်တပ်ထိန်းချုပ်ထားတဲ့ မူဆယ်မြို့၊ တာချီလိတ်မြို့၊ ကျိုင်းတုံမြို့၊ တန့်ယန်းမြို့အပြင် အခြားမြို့တွေမှာလဲ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနဲ့ လောင်းကစားဝိုင်းတွေဟာ အရင်ကထက် များလာပြီး ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုလည်း မကြာခဏ ဖြစ်ပွားနေသလို တရားဥပဒေစိုးမိုးရေးလည်း အားနည်းနေတဲ့ မြို့တွေ ဖြစ်နေကြောင်း အချက်အလတ်တွေက ဖော်ပြနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။