ဓာတ်ပုံ – Local

အိုက်ပွီး၊ မတ်လ ၇ရကျ၊ တီးတိန်

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်မှာ ချင်းတော်လှန်ရေးနှစ်ဖွဲ့ဖြစ်တဲ့ ချင်းပြည်ကောင်စီ-CC ပူးပေါင်းတပ်နဲ့ ဇိုမီးတော်လှန်ရေးတပ်-ZRA တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူ ဒေသခံတွေဆီက သိရပါတယ်။

တီးတိန်မြို့နဲ့ မိုင် ၂၀ ခန့်ကွာဝေးတဲ့ တုန်းဇန်ကျေးရွာက CC အဖွဲ့ဝင် ပြည်သူ့ကာကွယ်ရေးတပ်(တီးတိန်) ရဲ့ တပ်စခန်းကို မတ်လ ၅ ရက်နေ့နဲ့ ၆ ရက်နေ့က ZRA က အင်အား အလုံးရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

“မတ်လ ၅ ရက်နေ့ညနေပိုင်းကတည်းက တိုက်ပွဲဖြစ်တာပါ။ ရွာမှာ PDA တီးတိန်စခန်းရှိတယ်။ အဲစခန်းကို ZRA က အင်အား အများကြီးလာတိုက်တာပါ။ မနေ့ကမနက်ပိုင်းထိ တိုက်ပွဲပြင်းထန်နေပါတယ်။” လို့ စစ်ရေးအခြေအနေသိရှိသူ တီးတိန်မြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ မတ်လ ၆ရက်နေ့မနက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ပြင်းထန်တာကြောင့် နှစ်ဖက်ထိခိုက် ကျဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။

“မနေ့ကမနက် ဖြစ်တဲ့တိုက်ပွဲမှာ PDA တီးတိန်ဘက်က CNA ပါလာတယ်။ အဲအခြေအနေမျိုးမှာ တိုက်ပွဲက အရင်ရက်ထက် ပိုပြင်းထန်သွားတယ်။ နှစ်ဖက်ရဲဘော်တွေလည်း အကျဆုံးရှိလာတယ်။”နောက်ထပ် စစ်ရေးအခြေအနေသိရှိသူ တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိအချိန်အထိ တုန်းဇန်ကျေးရွာမှာ CC ပူးပေါင်းတပ်နဲ့ ZRA တို့ စစ်ရေးတင်းမာနေဆဲလို့ သိရပါတယ်။

အဲဒီအခြေအနေနဲ့ ပတ်သက်လို့ PDA တီးတိန်း တာဝန်ရှိသူက ရွှေဖီမြေသို့ တိုက်ပွဲဖြစ်ပွားတာကို အတည်ပြုပြောဆိုပေမဲ့ ရဲဘော်အကျဆုံးကိုတော့ ဖြေကြားပေးခဲ့ခြင်း မရှိဘူး။

ZRA ဝန်းရံထောက်ခံသူတွေ တုန်းဇန်ကျေးရွာ တိုက်ပွဲမှာ အသက် ၂၁ နှစ်အရွယ် ZRA ရဲဘော် Tg. Vungh Go Lian ကျဆုံးခဲ့တယ်လို့ ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း တီးတိန်မြို့နယ်၊ ထာလ်မွာလ်ကျေးရွာထိပ်မှာရှိတဲ့ PDA တီးတိန် ရဲ့ ကာကင်းစခန်းငယ် တစ်ခုကို ZRA က အင်အားအလုံးရင်းနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ရရှိထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း တွန်းဇံမြို့နယ်၊ တွီးခိန်းကျေးရွာမှာ ZRA နဲ့ CC အဖွဲ့ဝင် CDF-Tonzang တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့နယ်မှာ CC အဖွဲ့နဲ့ ZRA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။