ဓာတ်ပုံ – Local

မိုင်းပန်ပျော်၊ မတ်လ ၇ ရက်၊ ကွတ်ခိုင်

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် ဟိုခိုကျေးရွာမှာ နေအိမ်တစ်ခုလုံးမီးလောင်ပြာကျခဲ့တဲ့အိမ်က မိသားစုတွေ အိမ်ပြန်ပြင်ဖို့ အကူအညီလိုအပ်နေတယ်လို့ မိသားစုဝင်နဲ့နီးစပ်သူတွေက ရွှေဖီမြေကိုပြောပါတယ်။

နေအိမ်မီးလောင်ပြာကျခဲ့တာကြောင့် အဲ့ဒီအိမ်မှာနေတဲ့ မိသားစုဝင်တွေက ၆ ယောက်ရှိပြီး အဲထဲက ၄ ယောက်က မသန်စွမ်းဖြစ်နေတာကြောင့် အိမ်ပြန်ပြင်ဖို့ အကူအညီလိုအပ်နေတယ်လို့ မိသားစုဝင်နဲ့နီးစပ်သူတွေက ရွှေဖီမြေကိုပြောပါတယ်။

“သူတို့မိသားစုအကုန်လုံး မသန်စွမ်းထဲမှာဝင်တာ သူတို့အမေဘဲ နည်းနည်းကောင်းတာ။ အိမ်ကလူဘာမှမဖြစ်ရင်တော့ တစ်မျိုးပေါ့နော်။ ဒါကျတော့ ဘာမှလည်းမရှိဘူး မသန်စွမ်းလည်းဖြစ်သေးတယ်။ မသန်စွမ်းဆိုဝောာ့ သိတဲ့အတိုင်းပဲလေ။ နဂိုကတည်းကဆင်းရဲနေတယ်ဆိုတော့ အဲ့ဒါကြောင့် သူတို့အိမ်ပြန်ပြင်ဖို့ရယ် သူတို့စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေတယ်”

အခုလက်ရှိမှာ အဲဒီမိသားစုတွေ အိမ်မီးလောင်ပြာကျတော့‌တာကြောင့် အိမ်ခြံ‌ထဲနေနေရပြီး စားဖို့အတွက်လည်း ရွာသားတွေပေးတဲ့ ဆန်တွေနဲ့ပဲစားသောက်နေရတယ်လို့ ဆိုပါတယ်။

မနေ့က မတ်လ ၃ ရက် နေ့လယ်ပိုင်း ၃ နာရီဝန်းကျင်မှာ အိမ်ရှင်ဖြစ်သူက အပြင်သွားနေတဲ့အချိန် ‌နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်မီးလောင်ပြာကျသွားခဲ့တာပါ။

နေအိမ်မီးလောင်ပြာကျခဲ့တာကြောင့် အိမ်ထဲမှာရှိတဲ့ ဆန် ၁ အိတ်နဲ့ စပါး ၄ အိတ် ပိုက်ဆံ ၁ သိန်း ၃ သောင်းလည်းပါသွားခဲ့တယ်လို့ ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။