ဓာတ်ပုံ – Local

လွေးထွေး၊ မတ်လ ၇ ရက်၊ ကရင်

ကရင် အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့နယ်က ကျောက်ကွင်းဘုန်းကြီးကျောင်းကို လေကြောင်းနဲ့ဗုံးကြဲခဲ့လို့ ကျောင်းထိုင် ဆရာတော်တစ်ပါး ဗုံးစထိမှန်ပြီး ပျံလွန်တော်မူသွားခဲ့ကြောင်း သိရပါတယ်။

ဖြစ်စဉ်ဟာ မတ်လ ၅ ရက် ညနေ ၄ နာရီ ဝန်းကျင်မှာဖြစ်ပြီး ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ အသက် ၆၂ နှစ် ဝါတော် ၄၁ ဝါရှိ ကျောင်းထိုင်ဆရာတော် အန္နန္တဝိသုန္ဒကို ဗုံးဆထိမှန်ခဲ့တာ ဖြစ်ပါတယ်။

“ကျောင်းပေါ်တည့်တည့်ကျတော့ ပျံလွန်တော်မူတဲ့ ဘုန်းကြီးဆိုရင် လက်တွေလည်းပြတ် တကိုယ်လုံးရစရာမရှိတော့ဘူး။ ကိုရင်လေးတွေ တချို့ကတော့ စိုးရိမ်ရတယ်။ တချို့ကတော့ ပွန်းပဲ့ လောက်တာဘဲ” လို့ ဖြစ်စဉ်ကိုသိရသူ ကမမောင်းမြို့နယ်မှ အမျိုးသားက ဆိုပါတယ်။

၎င်းနေရာကို ဗုံးကြဲတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းတစ်ခုလုံး ပျက်စီးခဲ့တဲ့အပြင် ကိုရင်လေးတွေလည်း အများအပြားထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေရ တယ်လို့ ဆိုပါတယ်။

အလားတူ ဒီနေ့ မတ်လ ၇ ရက် မနက်အစောပိုင်းမှာလည်း တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေတဲ့ သောင်းရင်းမြစ်အနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်မှုအသေးစိပ်ကိုတော့ မသိရသေး ပါဘူး။

ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ်အတွင်း KNU ထိန်းချုပ်ဒေသကို စစ်ကောင်စီတပ်က လေကြောင်း၊ ဒရုန်း နဲ့ လက်နက်ကြီး အကြိမ် ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU က မတ်လ ၅ ရက်မှာ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။