ဓာတ်ပုံ – CJ

မိုင်းပန်ပျော်၊ မတ်လ ၆ ရက်၊ ကွတ်ခိုင်

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် ဟိုခိုကျေးရွာက နေအိမ်တစ်ခုမှာ အိမ်ရှင်ဖြစ်သူက အပြင်သွားနေတဲ့အချိန် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

ဒီနေ့ နေလယ်ပိုင်း ၃ နာရီဝန်းကျင် မီးစလောင်တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို‌ပြောပါတယ်။

“ဘာကြောင့်လောင်တာလည်းတော့မသိဘူး။ အဲ့ဒီအိမ်ကလူတွေက တောင်ယာ‌သွားတာ အိမ်မှာကျန်တဲ့တစ်ယောက်ကစိတ်ကျန်းမာရေးမကောင်းဘူး။ အိမ်မှာသူတစ်ယောက်ပဲရှိတော့ သူက တံခါးပိတ်ပြီး သူများအိမ်သွားလည်တာ ဘယ်သူမှလည်းမမြင် မီးစလောင်တဲ့ချိန် သူမီးမငြိမ်းလို့ လောင်သွားတာထင်တယ်”

မီးလောင်မှုဖြစ်ပွားနေတဲ့အချိန် မီးသတ်ရုံးအဆက်အသွယ်မရတာကြောင့် ရွာသားတွေကိုယ့်အိမ်မှာရှိတဲ့ရေနဲ့ပဲ မီးငြိမ်းနိုင်ခဲ့တယ်လို့ ၎င်းကဆက်ပြောပါတယ်။

အဆိုပါ မီးလောင်သွားခဲ့တဲ့အိမ်ဟာ ယာမာယွန်းတို့အိမ်လို့သိရပြီး ယာမာယွန်းရဲ့ သားသမီးတွေကတော့ တောင်ယာမှာအလုပ်သွားလုပ်နေတာကြောင့် မီးလောင်ခဲ့အိမ်ထဲမှာ ဆုံးရှုံးမှုအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အလားတူပြီးခဲ့တဲ့ မတ်လ ၁ ရက်မှာလည်း မိုးမိတ်မြို့ သဲနီရပ်ကွတ်မှာ မီးဖိုဆောင်ထဲမှာ မီးမွေးထားရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း တအာင်းဒေသမှာ မီးလောင်မှုဖြစ်ပွားခဲ့ကာ ဒေသခံ ၃ ဦး မီးလောင်ဒဏ်ရာရတဲ့အပြင် ပိုက်ဆံ သိန်း‌ ၈၅၀ ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။