ဓာတ်ပုံ – CJ

အိုက်ပွီး၊ မတ်လ ၆ ရက်၊ ဂန့်ဂေါ့

မကွေးတိုင်း၊ ဂန်ဂေါ့မြို့နယ်မြောက်ပိုင်း၊ ကန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားနှစ်ဦး သေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မတ်လ ၅ ရက်နေ့ည ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ မိတ္ထိလာလေတပ်မှ ဂျက်ဖိုက်တာတစ်စီးနဲ့ ကန်ရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်တာဖြစ်ပါတယ်။

“အမျိုးသမီးက ပွဲချင်းပြီး သေဆုံးသွားတယ်။ သူ့ရဲ့အမျိုးသားလည်း ဆေးကုသရင်း မနေ့ညကပဲ ဆုံးသွားတယ်။ လေးဦးက ဒဏ်ရာရတယ်။ လူနေအိမ် ၄လုံး မီးလောင်ပြာကျသွားတယ်။ နောက်ထပ် နေအိမ် ၆လုံးလည်း ပျက်စီးသွားပါတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒဏ်ရာရရှိတဲ့ အမျိုးသား ၃ဦးနဲ့ အမျိုးသမီး ၁ဦးတို့ကလည်း ပြင်းထန်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမူ ခံယူနေရကာ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်။

ကန်ရွာမှာ တိုက်ပွဲမရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူတပ်စွဲထားခြင်းမရှိဘဲ အရပ်သားတွေနေထိုင်တဲ့ကျေးရွာကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

“ရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိတာလည်းမဟုတ်ဘူး။ ရွာသားတွေပဲနေတာပါ။ ရွာအခြေအနေက ပုံမှန်ပါပဲ။ ဘာမှထူးခြားတာလည်းမရှိပါဘူး။ အဲဒါကို စကစက တမင် လေကြောင်း တိုက်ခိုက်တာပါ။ ရွာမှာရွာသားတွေပဲရှိတာကြောင့် ရွာသားတွေပဲ သေကြတယ်လေ။” လို့ နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်း တောင်ခင်ရန်းကျေးရွာကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုလို့ ချင်းခရစ်ယာန်ဘုရားကျောင်းနဲ့ လူနေအိမ်အများပြား မီးလောင်ပျက်စီးသွားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။