ဓာတ်ပုံ – MNDAA

မိုင်းပန်ပျော်၊ မတ်လ ၆ ရက်၊ ကွမ်းလုံ

တရုတ်ရဲ့ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီ နဲ့ MNDAA တို့ကြား ဆွေးနွေးခဲ့ကြပြီး အပစ်ရပ်တဲ့နောက်ပိုင်းမှာ ကိုးကန့်တပ်မတော်-MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်အချို့မှာ လျှပ်စစ်မီးတွေ ပြန်ရနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွမ်းလုံ လောက်ကိုင်၊ ချင်းရွှေဟော်၊ နမ့်စလပ် မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်စပြီး မီးရလာတယ်လို့ ရွှေဖီမြေသတင်းရင်းမြစ်က ပြောပါတယ်။

“မီးကတော့ အရင်လ နောက်ဆုံးပတ်ကစပြီးတော့ ရပါတယ်။ ထိန်းချုပ်ထားတဲ့ မြို့တွေအကုန်တော့ မဟုတ်ဘူး ဒီဘက်ခြမ်းမှာဆိုရင် လောက်ကိုင် ချင်းရွှေဟော် နမ့်စလပ် တွေရတယ် ကွမ်းလုံကတော့ ဒီလ ၂ ရက်နေ့မှရတယ်။ ဟိုဘက်မှာဆိုရင် လားရှိုးမှာလည်းရပြီ”လို့ ဆိုပါတယ်။

အခုလက်ရှိ ကိုးကန့်တပ်မတော် ပေးလိုက်လျှပ်စစ်မီးဟာ စစ်ကောင်စီလက်ထက်ကတုန်းကလို မီတာပေါက် မဟုတ်ဘဲ မီတာကဒ်စနစ်နဲ့ ပေးနေလို့ ၎င်းကဆိုပါတယ်။

“မီတာခကတော့ သူတို့က ကဒ်စနစ်နဲ့ပေါ့နော် တရုတ်ကမီးလို့တော့ ကြားသိရတယ်။ မီတာခက အရင်က စကစလက်ထက်လို မီတာပေါက်နဲ့မဟုတ်ပဲနဲ့လေ မီတာ ကဒ်စနစ်နဲ့ပေါ့။ ကိုယ်က မီတာဖိုး ယွမ်တစ်ရာထည့်ရင်။ ယွမ်တစ်ရာဖိုးရမယ် အဲ့ဒီယွမ်တစ်ရာဖိုးကုန်သွားရင် မီးကလည်းသူ့ဟာသူ ပြတ်သွားမယ်”

နမ့်စလပ်၊ ကွမ်းလုံ၊ လောက်ကိုင်၊ ချင်းရွှေဟော်မြို့တွေအပြင် တစ်ခြားမြို့တွေကိုလည်း မီးရဖို့ဆက်လက်လုပ်ဆောင်နေတာလည်းရှိတယ်လို့ ဆိုပါတယ်။

ကိုးကန့်ဒေသဖက်ကို ကုန်စည်တင်သွင်းခွင့်နဲ့ လျှပ်စစ်မီးတွေပြန်ရတာဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် MNDAA နဲ့ စစ်ကောင်စီတိုကြားတွေ့ဆုံဆွေးနွေးပြီးတဲ့‌နောက်ပိုင်း ရလာဖြစ်တယ်လို့ဆိုပါတယ်။

ကိုးကန့်တပ်မတော်ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်မှာရှမ်းမြောက်က လောက်ကိုင်၊ ကုန်းကြမ်း၊ သိန္နီ၊ တာမိုးညဲ၊ ချင်းရွှေဟော်၊ ကြူကုတ် ဖောင်းစိုင် နဲ့ လားရှိုးအစရှိတဲ့ မြို့နယ်တွေကို တိုက်ခိုက်သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားဖော်ဆောင်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။