ဓာတ်ပုံ – Local

ပို့လဘား၊ မတ်လ ၅ ရက်၊ မုံးစီး

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာမှာ ကိုးကန့်တပ်မတော် (MNDAA)နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIAတို့က စကားများ ရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်လို့ KIA တပ်သား၂ ဦးနဲ့ ဒေသခံ ၃ ဦး သေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦး ပြောပြချက်အရ သိရပါတယ်။

ဒီနေ့ မတ်လ ၅ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ မုံးစီးကျေးရွာ ဗြိန်းခမ်းကျေးရွာအနီးမှာရှိတဲ့ ရွှေလုပ်ကွက်ကို MNDAAက ရွှေတူးနေစဉ် KIAနဲ့ စကားများရန်ဖြစ်ရာကနေ ပစ်ခတ်တာတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကိုးကန့်တွေက ရွှေလာတူးနေတာ။ ရွာသားနဲ့ KIA တွေကသွားတားတယ်လို့ ပြောတယ်။ KIAဘက်က အရင်ဆုံးလက်‌နဲ့ သွားရိုက်တယ်လို့တော့ ပြောတယ်။ အဲဟာနဲ့ပဲ ကိုးကန့်ဘက်က သေနတ်နဲ့ ပစ်လိုက်တာပဲ။ KIA တပ်သားဘက်လည်း သေတယ်။ သေတဲ့သူကများတယ် ထိခိုက်ဒဏ်ရာရတဲ့သူက ဆေးရုံမှာလည်း ရှိတယ်။ အခုကားပေါ်မှာလည်းရှိတယ် ” လို့ ပြောပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး မုံစီးမှာရှိတဲ့ ကချင်လူမျိုးဒေသခံတွေဟာ မုံစီးမြို့ပေါ်တက်လာပြီး ကိုးကန့်တပ်ရှိတဲ့ မြို့နယ်ရုံးတွေဆီ လာရောက်ဆန္ဒလာပြနေကြတယ်လို့ ဆိုပြီး ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုးကန့်ရဲ့ သတင်းနဲ့ ပြန်ကြားရေးနဲ့ KIAက တာဝန်ရှိသူတွေကို ရွှေဖီမြေက ကြိုးစား ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။