ဓာတ်ပုံ – CDF ထန်တလန်

အိုက်ပွီး၊ မတ်လ ၅ ရက်၊ ထန်တလန်

၄ နှစ်အတွင်း ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ် (ထန်တလန်)မှ စစ်ဦးစီးချုပ်အပါအဝင် ရဲဘော် ၆၇ ဦးကျဆုံးခဲ့ကြောင်း CDF-Thantlang အထွေထွေအတွင်းရေးမှူးက ပြောဆိုထားပါတယ်။

ဒီနေ့ မတ်လ ၅ ရက်နေ့ မနက်မှာ ပြုလုပ်တဲ့ Global Thantlang Relief Organization (GTRO) အွန်လိုင်းရန်ပုံငွေရှာဖွေခြင်း အစီအစဉ်မှာ CDF-Thantlang အထွေအထွေအတွင်းရေးမှူးက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

တော်လှန်ရေး ၄ နှစ်တာကာလမှာ CDF-Thantlang ရဲ့ စစ်ဦးစီးချုပ် အပါအဝင် ရဲဘော် ၆၇ ဦးကျဆုံးခဲ့ကြောင်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်းမှာ CDF-Thantlang ရဲဘော် ၂၇ ဦး ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒဏ်ရာရသူ၊ ကိုယ်အင်္ဂါဆုံးရှုံးသွားတဲ့ရဲဘော်တွေလည်း အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။

“ရဲဘော်တွေ အများစုက ထန်တလန်မြို့သိမ်းတိုက်ပွဲ၊ ထန်တလန် – ဟားခါး ကြား စခန်းသိမ်းတိုက်ပွဲတွေမှာ ကျဆုံးကြတာပါ။ ကျွန်တော်တို့ စစ်ဦးစီးချုပ်လည်း ထန်တလန်မြို့သိမ်း တိုက်ပွဲမှာ မနှစ်ကပဲ ကျဆုံးသွားတာပါ။”လို့ CDF-Thantlang တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

၄ နှစ်အတွင်း CDF-Thantlang ရဲဘော် ဒဏ်ရာရရှိသူ ၃၀၂ ဦးနဲ့ ကိုယ်လက်ဆုံးရှုံးခဲ့ရတဲ့ ရဲဘော် ၂၀ ကျော်ရှိပြီး တိုက်ပွဲတွင်း ကျဆုံးအလောင်း ရဲဘော် ၉ ဦးရှိတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးလှုပ်ရှားမှုတွေကို ပြန်လည်သုံးသပ်ရင် CDF-Thantlang အနေနဲ့ လိုအပ်တဲ့နေရာမှာ ပြန်လည်မွန်းမံမှုတွေပြန်လုပ်ဖို့ ရှိနေတာကြောင့် ပြည်တွင်းပြည်ပက ပြည်သူတွေအနေနဲ့ ဆက်လက် ကူညီပေးဖို့ CDF-Thantlang အထွေထွေအတွင်းရေးမှူးက တိုက်တွန်းထားပါတယ်။

လက်ရှိမှာလည်း ထန်တလန်မြို့ပေါ်က စစ်ကောင်စီ လက်ကျန်တပ်စခန်းတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေဆဲလို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။