ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု

ခိုင်လေး၊ မတ်လ ၄ ရက်၊ မြိုင်မြို့

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆင်စိန်ရွာက ဘုန်းကြီးကျောင်းကို စစ်‌ကောင်စီတပ်က လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့မနက် ၁၀ နာရီ ဝန်းကျင်က မြိုင်မြို့နယ်၊ဆင်စိန်ကျေးရွာကဘုန်းတော်ကြီးကျောင်းကိုဂျက်ဖိုက်တာ ၁စီးနဲ့ ၃ကြိမ်တိတိ ပေါင်း၅၀၀ဗုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။

“ဒဏ်ရာရ သူနှစ်ယောက်စလုံးက အရပ်သားပါ။ စိုးရိမ်ရတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ စစ်ကြောင်းထိုးလာတာလဲ အခုရက်ပိုင်းမရှိဘူး ။ စစ်ကြောင်းပြန်သွားတာ ဆယ်ရက်လောက်ရှိပါပြီ”

အဆိုပါ တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းဆောင်တွေ ပျက်စီးတာ‌၊ ဘုန်းတော်ကြီးရဲ့ကားပျက်စီးတာတွေ ၊ ဘုရားစေတီပြိုကျတာ၊ စိန်ဖူးတွေမြေခရတာတွေ ဖြစ်ပွားခဲ့တယ် လို့ဆိုပါတယ်။

“ဗုံးလာကြဲတဲ့ရွာနဲ့ ဘုန်းတော်ကြီးကျောင်းက ပြည်သူအရပ်သားတွေ နေထိုင်ပြီး ရိုးရာတောင်သူလုပ်ငန်းတွေဘဲ လုပ်ကိုင်ကြတာ” အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ဆက်ပြောပါတယ်။

မနေ့ မတ်လ ၃ ရက် ညသန်းခေါင်ချိန်က မြိုင်နဲ့ ပေါက်မြို့နယ်အစပ်မှာရှိတဲ့ လက်ပံတိုရေနံမှော်ကို ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် အမျိုးသား၊အမျိုးသမီး၊ကလေးငယ် စုစုပေါင်း ၁၅ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ် လို့ဆိုပါတယ်။

ယခုရက်ပိုင်းအတွင်း မြိုင်မြို့နယ်အနောက်ခြမ်းနဲ့ ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတာကြောင့် လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ လေကြောင်းရန်ကို သတိရှိရှိ နဲ့ နေထိုင်ကြဖို့ အညာမြေတပ်ပေါင်းစုမှ တိုက်တွန်းနှိူးဆော် ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။