လွေးလာဝ်ဇာရ်၊ မတ်လ ၄ ရက်၊ သီပေါ

ရှမ်းမြောက် သီပေါမြို့နယ် နားမခေါ်ကျေးရွာအနီးက တာလုံလမ်းအဆင်းမှာ သတ်ဖြတ်ထားခံရတဲ့ အမျိုးသမီးအလောင်း ၃ လောင်း တွေ့ရှိထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

အဲဒီအမျိုးသမီးအလောင်း‌တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ လားရှိုးဘက်ကနေ ကားနဲ့ တင်လာပြီး လာရောက်စွန့်ပစ်သွားတာလို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖြစ်စဉ်သိရသူ တစ်ဦးက “အဲဒါလည်း ဒေသခံတွေ မပြောရဲကြဘူး။ ဘယ်သူ့လက်ချက်ဆိုတာ သိကြတယ်။ သတင်းပေါ်တက်ရင် သတ်ပစ်မယ်တဲ့။ အဲနားမခေါ်က လူတွေကို ခြိမ်းခြောက်ထားတာ။ အဖွဲ့အစည်းကားဘဲ။ မိန်းခလေး အလောင်း ၃ လောင်းကို ကားနဲ့တင်လာပြီး အဲမှာလာပစ်ထားတာ။ လားရိူးဘက်က ဆင်းသွားတဲ့ပုံလို့ ပြောကြတယ်” လို့ ပြောပါတယ်။

သတ်ဖြတ်ခံထားရတဲ့ အဲဒီအမျိုးသမီး ၃ ဦးဟာ အသက် ၁၂ နှစ်အရွယ်ကနေ ၁၈ နှစ်ကြားအရွယ်တွေ ဖြစ်ကြပြီး အဲအမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း ရိုက်နှက်နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကောင်မလေးတွေရဲ့ ခန္ဓာကိုယ်မှာလဲ ဒဏ်ရာတွေ အများကြီးပဲ။ နည်းတဲ့ ဒဏ်ရာတွေ မဟုတ်ဘူး။ နောင်ကော်ကြီးမှာ KTV ရှိတာတော့ မှန်ပေမဲ့ အဲဒီ KTV မှာ အလုပ်လုပ်နေတဲ့သူတွေ မဟုတ်ဘူး။ ဘယ်ကမှန်း မသိတဲ့ ကောင်မလေးတွေပါ။ အသက် ၁၂ ကနေ ၁၈ လောက်ပဲရှိတဲ့ ရုပ်တွေပါ။ အရမ်းငယ်ကြတယ်”

ရုပ်အလောင်း စွန့်ပစ်ခံထားရတဲ့ အဲဒီအမျိုးသမီးငယ်တွေဟာ ဘယ်သူဘယ်ဝါမှန်း မသိရသေးတဲ့အပြင် သူတို့ရဲ့ နေ့ရပ်လိပ်စာတွေလည်း မသိရဘူးလို့ ပြောပါတယ်။

သီပေါမြို့နယ်ထဲက အဲဒီနားမခေါ်ကျေးရွာဟာ ကိုးကန့်တပ်ဖွဲ့ MNDAA က ဝင်ထွက်သွားလာပြီး ၎င်းတို့ ထိန်းချုပ်ထားတဲ့ဒေသလည်း ဖြစ်တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။