ပို့လဘား၊ ‌မတ်လ ၃ ရက်၊ ရေတာရှည်

ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ ၁၂ နှစ်အရွယ်ရှိတဲ့ ကလေးငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက် ၂ ဖက်ပြတ်ထွက်သွားခဲ့တယ်လို့ ကူညီပေးသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက် ညနေ ၃ နာရီအကျော်မှာ ရေတာရှည်မြို့နယ် ကျွန်းတောကုန်းရွာနေ မောင်ကြယ်စင်ဟိန်းဟာ မက်ပဲကောက်ရင်း အင်းစပ်အနီးမှာ မိုင်းနင်းမိခဲ့တယ်လို့ ဆိုပါတယ်။

“ကျောင်းဆင်းတဲ့ချိန်မှာဆို မက်ပဲကောက်သင်းကောက်ပြီး ရတဲ့ပိုက်ဆံလေးနဲ့ မိဘကိုကူညီနေတာ။ ဖြစ်ချင်တော့ သူအဲမက်ခင်းဘေးမှာရှိတဲ့ အင်းထဲကို ရေဆင်းသောက်ရင်းနဲ့ အင်းစပ်မှာ မိုင်းပေါက်တာ။ သူ့မိဘက သူ့ကိုခိုင်းတာမဟုတ်ဘူး။ သူအရမ်းလိမ္မာတယ် စာလဲတော်တယ်။ သူ့တို့မိသားစုက ဆင်းရဲတဲ့မိသားစုထဲကဆိုတော့ သူအားတဲ့ချိန်ဆို သူ့မိဘတွေ ကူညီပေးနေတာ” လို့ ပြောပါတယ်။

အဆိုပါမိုင်းနင်းခဲ့တဲ့‌ကျေးရွာဟာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တို့ စစ်ရေးလှုပ်ရှားတဲ့ နယ်မြေဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်ကလည်း ရေတာရှည်မြို့နယ် ကံလှရွာမှာ စစ်ကျန်ဗုံးသီးအဟောင်းကို ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်လို့ ကလေး ၂ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံဟာ ‌ကမ္ဘာမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်တွေကြောင့် သေဆုံးသူအများဆုံး ဖြစ်လာတယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲသူ ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့-ICBL ရဲ့ ၂၀၂၄ နိုဝင်ဘာ ၂၀ ရက်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။