ဓာတ်ပုံ – CJ

လွေးဇွန်မိုး၊ မတ်လ ၁ ရက်၊ ကွတ်ခိုင်

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဟူးဒဲ့ကျေးရွာက အသက် ၄၀ အရွယ် တာထွန်းဆိုင်ဟာ တောထဲ ထင်း သွားခုတ်ရင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တာထွန်းဆိုင်ဟာ တုံဆင်လေးနဲ့ နမ့်ရာက်ရွာကြားမှာ ထင်းအငှား သွားခုတ်ပေးရင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းမှာ နဖူးကို သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားတာလို့ နမ့်ဟူးဒဲ့ရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“၂၆ ရက်နေ့ နေ့လယ်ကတောင် သူ့ရဲ့ သူဌေးက သူစားဖို့ ဆန်တွေဘာတွေ သွားပို့ပေးခဲ့သေးတယ်လေ။ နောက်နေ့ နေ့လယ်လောက်ကြတော့ သူတို့က သူခုတ်ထားတဲ့ထင်း သွားသယ်မလို့ သွားကြည့်လိုက်တော့ သူက သေနေပြီ။ တောထဲဆိုတော့ ဘယ်သူကပစ်မှန်း မသိဘူးလေ။ တူမီးသေနတ်လိုလို ကျဥ်ဆန်အစစ်လိုလို ကျနော်တို့လည်း မပြောနိုင်ဘူး”

တာထွန်းဆိုင်ဟာ အေးအေးဆေးဆေး နေတတ်သူဖြစ်ပြီး တခြားသူနဲ့ စကားများ ရန်ဖြစ်တာ မရှိခဲ့ဖူးဘူးလို့ အထက်ပါ အမျိုးသားက ​ဆက်ပြောပါတယ်။

“သူက သူများနဲ့ စကားများ ရန်ဖြစ်တာတွေလည်း မရှိဘူး။ အဲလို ဆဲဆိုသောင်းကြမ်းတတ်တဲ့ လူစားမျိုးလည်း မဟုတ်ဘူး။ သူသေတဲ့နေရာက ရွာနဲ့ဝေးတော့ တူမီးနဲ့တောလိုက်တဲ့ မုဆိုးတွေပဲ ရှိလို့လား။ ဒါမှမဟုတ် တကယ်ပဲ သေနတ်အစစ်နဲ့လားတော့ ကိုယ်လည်း မသိဘူး။ ရွာအနီးအနားဆိုရင်တော့ တူမီးသေနတ်တွေ ပစ်ခွင့် မရှိဘူး”

တာထွန်းဆိုင်ရဲ့ အလောင်းကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်ကတည်းက သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တာထွန်းဆိုင် ပစ်သတ်ခံရတာနဲ့ ပတ်သတ်ပြီး PSLF/TNLA ရဲ့ ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။