ဓာတ်ပုံ – CJ

မိုင်းပန်ပျော်၊ ‌မတ်လ ၁ ရက်၊ မိုင်းဝီး

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာမှာ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ဖြစ်စဉ်ဟာ ဒီနေ့ မတ်လ ၁ ရက် မနက်အစောပိုင်း ၁၂ နာရီကျော်က မိုင်းဝီးဘုန်းကြီးကျောင်းခြံဝင်းမှာ အသေခံဒရုန်းနဲ့ဗုံး လာကြဲချခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မနေ့ည ဒရုန်းနဲ့ လာချသွားတာ လူအထိအခိုက်တော့ မရှိဘူး။ ထွက်ပြေးရတာပေါ့ဗျာ ကလေးတွေ ရှိတယ်လေ။ ဘုန်းကြီးကျောင်းမှာ။ အဲဒါနေရာပြောင်းရတာပေါ့။ ကိုယ့်စီ ကျမှာလည်း ကြောက်တယ်။ ဗုံးကျတာ နီးနီးလေးပဲလေ ကိုယ်တို့နဲ့”

အဆိုပါ ဒရုန်းဟာ ဘယ်ဘက်ကနေ လာတာလဲဆိုတာကိုတော့ မသိရှိရဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဒရုန်း ၂ စီးကိုသာ ရှာဖွေတွေ့ရှိထားပြီး ၂ စီးကိုတော့ မတွေ့သေးဘူးလို့ ဆိုပါတယ်။

“ဒရုန်းက လက်လုပ်တွေပါ။ ကုမ္ပဏီနာမည်တွေလည်း ဖျက်ထားတယ်။ နောက်ဆက်တွဲ ဆက်စုံစမ်းနေတယ်။ ဘယ်သူ့လက်ချက်လဲဆိုတာ” ဆိုပြီး မြေပြင်ရှိ TNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

နမ့်ခမ်းမြို့နယ် မိုင်းဝီးရွာကို ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၅ ရက်မှာ TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရွှေလီမြစ်ရဲ့ တစ်ဖက်ကမ်း မန်တပ်ရွာမှာ စစ်ကောင်စီရဲ့ တပ်စခန်း ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။