အပတ်စဉ် တင်ဆက်ပေးနေကြ ရွှေဖီမြေရဲ့ ရုပ်သံသတင်းကနေ ပြန်လည် ကြိုဆိုပါတယ်။ ဒီတစ်ပတ် တအာင်းဒေသနဲ့ ရှမ်းပြည်တစ်ခွင်က ထူးခြားတဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးမှာ ဖြစ်ပါတယ်။
~ နမ့်လန်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်က တအာင်းလူငယ် ၃ ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ဦးကို ငွေ ၄ သိန်း တောင်းပြီးတော့ ပြန်လွှတ်ပေး
~ မူဆယ်မြို့က လူမြင်ကွင်း လမ်းမပေါ်မှာ လုယက်မှု ဖြစ်ပွားခဲ့ပြီး တစ်ပတ်အတွင်း လုယက်မှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့
~ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် အပစ်ရပ်ပြီးနောက်ပိုင်း လောက်ကိုင်က ဒေသခံတွေ နေရပ်ကို ပြန်လာနေကြတဲ့သတင်းအပြင် တခြားသတင်းတွေကိုလည်း ကြားရမှာပါ။